Thursday, September 4, 2014

Daum Pot Player v1.6.49747 Beta | 18 MB

လူတွေ တော်တော် များများ မေးလေ့ ရှိကြ တဲ့ Player တွေ အထဲ မှာ ဘယ် Player ဟာ အသုံးပြု ရင် ကောင်း လည်းဆိုတာပေါ့ အခု ကျွန်တော် ပြောမဲ့ ဒီ Daum Pot Player လေး ကတော့ တကယ့်ကို အသုံးဝင် ပြီး ကောင်းမွန် လှပါတယ်ဗျာ Korean နိုင်ငံ က တရားဝင်ထုတ်လုပ်ထားတဲ့ Player ဖြစ်ပြီး KM Player လေးနဲ့ features တော်တော်များများ တူပါတယ်ဗျာယ အဓိက အားသာ ချက် အနေ နဲ့ ကတော့ Videos တွေ ကို အရည်အသွေးအကောင်းဆုံး ပြ နိုင်တာ ဖြစ်ပါတယ်. ခေတ်ရှေ့ ပြေးနေတဲ့
Videos and audio Formats အားလုံးကို ဖွင့်နိုင်မဲ့  DXVA codecs လည်းပါဝင်ပါတယ်.ဒီ Program လေး က အလွန်ကြည့်ကောင်း တဲ့ ပုံစံ ပါရှိပြီး Main Windows ကို လည်း transparency (ဖောက်ထွန်းမြင်)  နိုင်တဲ့ပုံစံ ကိုလည်း မိတ်ဆွေ တို့စိတ်ကြိုက် ပြုလုပ်နိုင် ပါသေးတယ်ဗျာ. Video မှ အသံဖိုင်တွေ ကိုလည်း record နိုင်ပြီး မိမိ စိတ်ကြိုက် ရှာဖွေထားတဲ့ DSP plugins တွေကို နောက်ထပ် အပို ထည့်သွင်းနိုင်ပါသေးတယ်ဗျာ.

Auslogics File Recovery v5.0.1.0 | 6 MB

မိတ်ဆွေ တို့ Computer System မှာ မှား ပြီး Delete လုပ်မိတဲ့ ဖိုင်များ ၊ virus တိုက်ခိုက်ခံ ရခြင်းကြောင့် ပျက်စီး ဆုံးရှံးသွား တဲ့ files များ အကြောင်း မျိုးမျိုး ကြောင့် ပျက်စီး ဆုံးရှံး သွားတဲ့ files များ |  USB | SD Card တွေ ကို Format ချမိလို့ အရေးကြီး တဲ့ Data တွေ ဆုံးရှံး တဲ့ အခါ မျိုး မှာ ဒီ program လေးနဲ့ recovery ရယူနိုင်ပါတယ်ဗျာ. အသုံးပြုရတဲ့ GUI ကတော့ သာမာန် အသုံးပြုသူ User တစ်ယောက် အနေ နဲ့တောင်မှ တော်တော် ရိုးရှင်းတဲ့ GUI ဖြစ်ပါတယ်ဗျာ  ရှင်းရှင်းလင်းလင်းနဲ့ အသုံးပြုရတာလည်း လွယ်ကူလှပါတယ်ဗျာ.

Wondershare SafeEraser 3.1.0.20 | 17 MB

ဒီ program လေး ကတော့  iPhone, iPad or iPod touch ကိုင်ဆောင်ထားတဲ့ မိတ်ဆွေ တွေ အတွက် အသုံးဝင်စေ မဲ့ program လေးပါဗျာ မိမိ တို့ ရဲ့ iDevices ထဲက မလိုအပ်တော့ တဲ့ contacts . messages, photos, videos, apps, account info, passwords နဲ့ တခြား personal data တွေ ကို  ရှင်းလင်းပေးနိုင်တဲ့ program လေးပါဗျာ. မိတ်ဆွေ တို့ computer မှာ Install လုပ်ထားပြီး ကိုယ် ရှင်းလင်းချင်တဲ့ iDevices တွေ  ကို ချိတ်ဆက်ပြီး ရှင်းခင်းနိုင်ပါတယ်ဗျာ.

US Downloader v1.3.5.9 | 7 MB

တချို့သော file servers များဟာ premium ၀ယ်ခိုင်းပြီး free user တွေ အတွက် download limited အကန့် အသတ်နဲ့ ထိန်းချုပ်ထားတာကြောင့် ကျွန်တော် တို့ အနေ နဲ့ Files ဆိုဒ် များတဲ့ videos , program တွေ နဲ့ iso ခွေ တွေ ကို  download ဖို့  အခက် အခဲ တွေ့ ရပါတယ်ဗျာ. ဒီကောင်လေး က တော့ russia နိုင်ငံထုတ် program တစ်ခုဖြစ်ပြီး တကယ့်ကို ကောင်းမွန်ပြီး ထင်ရှားသော download manager လေးပါဗျာ. ဒီ download manager နဲ့ IDM နဲ့ တွဲ သုံးလိုက်မယ်ဆိုရင် တော့ ပွဲ အသိမ်းပဲဗျ ဘာလာလာ download လို့ရပါပြီး သူ့ရဲ့ အဓိက ကောင်းမွန်တဲ့ အားသာချက်ကတော့ RapidShare, MegaUpload, LetitBit, Deposit and so on, စတဲ့ download limited သတ်မှတ်ပြီး premium ၀ယ်ခိုင်းတဲ့ file servers တွေ က files တွေ ကို အကန့်သတ်မရှိ (limited မရှိဘဲ) download လုပ်ပေးနိုင်တဲ့ download manager လေးပါဗျာ. ဒီ download manager လေးမှာ  အထူးတီထွင် ထားတဲ့ services စွမ်းရည်တွေ ပါရှိတာကြောင့်  တခြား premium ၀ယ်ခိုင်းတဲ့ file servers ဆိုဒ်ပေါင်း (၁၂၀) ကျော် မှ files , videos တွေ ကို အကန့်သတ်မရှိ download နိုင်ပါတယ်. portable အနေ နဲ့ ထုတ်လုပ်ထားတာ ကြောင့် မိတ်ဆွေ တို့ သွားလေရာ ကို usb , sd card တစ်ခုခု နဲ့ ဆောင်ထားနိုင်ပါတယ်ဗျာ. အသုံးပြု နည်းလေး ကတော့ မိတ်ဆွေ တော့ download ချင်တဲ့ files ရဲ့ Link ကို copy ကူးပြီး ထည့် ပေးရမှာ ဖြစ်ပါတယ်ဗျာ. ကဲ ဒီ download manager လေး ကို အသုံးပြု ပြီး အဆင်ပြေကြပါစေဗျာ.

Classroom Spy Professional v3.9.20 | 13 MB


ဒီ program လေးကတော့ ကျောင်းစာသင်ခန်းတွေ / သင်တန်းတွေ အတွက် အဓိက ဖန်းတီးထားတဲ့ program လေးပါဗျာ သင်တန်း ပြ ဆရာက နေရာ တခုတည်း computer စားပွဲ မှာ ထိုင်ပြီး စာသင်ခန်းထဲမှာရှိတဲ့ ကျောင်းသားတွေရဲ့ computer တွေ မှာ စာသင်တာ ဂရုမစိုက်ပဲ videos ခိုးကြည့်တာ | games ခိုးဆော့ တာတို့ ဘာတွေ လုပ်နေလဲ ဆိုတာ ကြည့်ရူထိန်းချုပ် နိုင်တဲ့ program လေးပါဗျာ. သင်တန်း ဆရာ ကို admin အနေနဲ့ အသုံးပြုခွင့် ပေးထားပြီး mouse နဲ့ keyboard တွေကို လွတ်လပ်စွာ ထိန်းချုပ်ခွင့် ပေးထားနိုင်ပါတယ် ဒါအပြင် တခြား ကျောင်းသား/သူ တွေ ရဲ့ computers ကို turn off, restart, run the “sleep mode” စသဖြင့် ထိန်းချုပ်ခွင့်ပေးထားပါတယ် ဗျုာ စာသင်ခန်း နဲ့ သင်တန်းတွေအတွက် အထူး သင့်တော်တဲ့ program လေးပါဗျာ

Adw Cleaner v3.309 | 1 MB

ဒီPrograms လေးဟာ သေးငယ်သလောက် Internet မှ တဆင့် ၀င်ရောက်လာတဲ့ မိမိ Computer ကို တိုက်ခိုက် ဖို့ ဖြစ်ခြေ ရှိတဲ့ adware, toolbars, unwanted  စတဲ့  ရန်ကနေ ယုံကြည်ရ လောက် အောင်ကာကွယ် ပေးနိုင်ပါတယ်ဗျာ.

Windows Repair v2.8.9 | 8 MB

Windows Repair  တွေ အထဲ မှာ Program သေးသလောက်  တော်တော် လေး အသုံးဝင် တဲ့ All in one Program လေးပါဗျာ။  အတွေ့အကြုံနည်းသေးတဲ့သူတွေ အတွက် Windows Error နဲ့ ကြုံလာရင် စိတ်ညစ်ရမှာပါပဲ Desktop ပေါ်က Icon တွေက ပုံတွေပြောင်းသွားတယ် Internet Explorer က မပွင့်တော့ဘူး  Temp တွေ Prefetch ဖိုင်တွေများလာပြီး  Windows က တော်တော် လေးလာတယ် Shortcut Icon တွေကိုနှိပ်ရင် အမှန်အတိုင်းမပေါ်တော့  CD/DVD Drive ကြီးပျောက်သွားပြီ စတဲ့ Viruses တွေ တိုက် ခိုက် ခံခဲ့ လို့ Fix မဖြစ်တော့ ဘူး  damaged files တွေ ရှိနေလို့ Windows က တချက် ချက် ကြောင်နေတယ် စတဲ့ Error တွေ ကို ဖြေရှင်း ပေး နိုင် ယုံတာ မက
Windows ကို မူ လ default values အနေ နဲ့ ပြန်လည် ပြု ပြင်ပေးနိုင် တာ ကြောင့်  ရိုးရှင်း ပြီးအသုံးဝင် တဲ့ Program တစ်ခုပါဗျာစမ်းသပ် အသုံး ပြုချင်တဲ့ မိတ်ဆွေ တွေ အောက် မှာ Download နိုင်ပါတယ်ဗျာ.

Internet Download Manager v6.21 Build 8 | 7 MB


  Internet Download Manager 6.21 Build 8  Updat Version လေးကိုတင် ပေးလိုက်ပါတယ်ဗျာ. အခု နောက်ဆုံးထွက်တဲ့ Internet Download Manager 6.21 Build 8  ဟာ Patch တော်တော် များများ Crack တော်တော် များများ မအောင်မြင်တာ တွေ့ ရပါတယ်ဗျာ. Patch ဖြေလိုက်ရင် / Crack ဖြေလိုက်ရင် ပဲဖြစ်ဖြစ် Internet Download Manager 6.21 Build 8  မဖြစ်ပဲ Downgrade ဖြစ်ပြီး Internet Download Manager 6.21 Build 2 ပဲဖြစ်ဖြစ် နေတာ တွေ့ ရပါတယ်. ကျွန်တော် အခု တင်ပေးလိုက် တဲ့ REIS Patch ဖိုင်လေး က Internet Download Manager 6.21 Build 8  ကို လုံးဝ Full ဖြစ်စေ မှာ ပါ. ဒါပေမဲ့ ဒီ Patch လေး က Higly ဗျ  Severe Virus တစ်မျိုး ဖြစ်တာကြောင့် သူ့ ကို Un Zip မလုပ်ခင် **** Disable Antivirus **** လုပ်ပေးရပါမယ်. Antivirus မပိတ်ထား ရင်တော့ Antivirus က အဲဒီ REIS patch ကို Delete လုပ်သွားပါတယ်. ဒါကြောင့် ခဏ ပိတ်ထားပေးပါဗျာ.Virus name ကတော့  Obfuscator.C ဖြစ်ပါတယ်ဗျာ

Skype v6.20.0.104 | 34 MB

Skype ကိုတော့ Internet သုံးနေကြတဲ့ မိတ်ဆွေတွေတိုင်းသိပြီးသားပါဗျာ. Video Call / Voice Call နဲ့ Chatting တွေပါ အဆင်ပြေလို့ လူသုံးများ၊ လူကြိုက်များတဲ့ program လေးပေါ့ Computer ကနေ ဖြစ်ဖြစ် (သို့မဟုတ်) ဖုန်း အချင်းချင်း ဖြစ်ဖြစ် ၊ Skype အကောင့်ရှိယုံနဲ့ Skype to Skype Free ဆက်သွယ်လို့ရပြီး တခြား နိုင်ငံတကာ ဖုန်းတွေ ခေါ်ဆိုချင်ရင်တော့ သက်သာတဲ့ဈေးနူန်း အနည်းငယ်ပေးရပါတယ်. Skype ကို update အမြဲတမ်းဖြစ် သင့်ပါတယ် ဒါမှသာ Skype ရဲ့ အကောင်းဆုံး ၀န်ဆောင်မှု နဲ့ မြန်ဆန်မှု ကိုရစေ မှာပါ တကယ်လို့ မိတ်ဆွေ တို့ Skype ဟာ update မဖြစ်တာ ကြာ ပြီးဆိုရင်တော့ chat တဲ့ အခါ ရုပ် မငြိမ်တာတို့ | တဖက်ကအရုပ် ထစ် နေတာတို့ ဖြစ်တတ်ပါတယ်ဗျာ Skype က တခြား program တွေ နဲ့ မတူပဲ သက်သာတဲ့ ဈေးနှုန်း နဲ့ Internet လှိုင်းနှေးနှေး မှာ တောင် မှ အလုပ်တော်တော် ဖြစ်တာကြောင့် လူသုံးများ ကြပါတယ်ဗျာ. နောက်ပိုင်း update တွေ မှာဆိုရင် Skype မှာ ပါ Myanmar စာ အသုံးပြုလာနိုင်တာ တွေ့ ရပါတယ်ဗျာ. Skype မှာ မြန်မာလို သုံးချင်တဲ့ မိတ်ဆွေ တွေ  ကတော့ Skype ကို ဖွင့် ပြီး Tools ကိုနိုပ်ပါဗျာ ပြီးရင် Options.. ကိုဝင်ပြီး ပြီးရင် IM & SMS Tab ကိုနိုပ်ပါ- IM appearance - Change font - zawgyi one ကိုရွေးပါ လိုက်ပါဗျာ ပြီးရင် Ok နိုပ်ပါ save နိုပ်ပြီးထွက်ပါ အောက်က ပုံမှာပြထားတဲ့ အတိုင်းအဆင့်ဆင့်လုပ်   ပေးလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်ဗျာ.

Zoom Player MAX v9.3.0 | 14 MB


ဒီ Program ကတော့ Player တွေ အထဲ က ရှယ်ကောင်း လေးတစ်ခုပါဗျာ.  ပေးထားနာမည် နဲ့လိုက်အောင် zoom ကို ပိစိကွေး လေး zoom 128 x 72 အထိလုပ်နိုင်ပြီး Zoom 1200 x ...... so on အထိ အကြီး ဖြစ်လာတဲ့ အထိ zoom ဆွဲနိုင်ပါတယ်ဗျာ ကလိစရာ setting တော်တော်များများ ပါဝင်ပြီး ရုပ်ထွက် အရည်အသွေး လည်း ကောင်းမွန် ပြီး အဆင်ပြေစေပါတယ် အသုံးပြု ရတာရိုးရှင်းလွယ်ကူ မိတ်ဆွေ တို့ အကြိုက်ဆုံး သီချင်းတွေ နဲ့ ရုပ်ရှင်တွေ ကို သီးသန့် playlists လုပ်ထားနိုင်ပါတယ်ဗျာ open a file, rewind , stop the video , and so on ... စတဲ့ hotkeys တွေ အတွက် support လုပ်ပေးထားပါတယ်ဗျာ.

Wednesday, September 3, 2014

360 Total Security v5.0.0.2000 | 26 MB

Antivirus Program တွေ က အမျိုး အမည် စုံ လင်လှသလို အသုံးပြုတွေကလည်း သူ့ အကြိုက် ကိုယ့်အကြိုက် မတူပဲ ကွဲပြားကြပါတယ် ဒီ 360 Security  Program လေး ကို တော့ Android Device အသုံးပြု နေကြတဲ့ မိတ်ဆွေ တွေ ရင်းနှီးကြ ပြီးသားပါ Chinese နိုင်ငံ ထုတ် Program တစ်ခု ဖြစ်ပြီး  Windows 8,8.1 အတွက် ရည်ရွယ် ပြီး ထုတ်လုပ် ထားပါတယ်ဗျာ. ဒီ 360 Total Security Version မှာ Antivirus ရော Internet Security ကိုပါ အသုံးပြုနိုင်ပါတယ်ဗျာ. Files ဆိုဒ်က အနည်းငယ် များသော် လည်း  viruses and from spyware, adware software, and other စတာ တွေ ကို တခြား Antivirus ထက် အထိရောက် ဆုံး ကာကွယ် စောင့်ရှောက်ပေးပါတယ်ဗျာ.ဒါ အပြင် မိတ်ဆွေ Computer ရဲ့ Error တွေ ကိုလည်း ဖြေရှင်းပေးနိုင်ပြီး Speed Up , Clean Up , Internet Protection, USB Safely Remove , Tool Box စတဲ့ Computer သန့်ရှင်း မြန်ဆန်စေမဲ့ Features တော်တော် များများပါ ပါတယ်ဗျာ.

ADVANCED Codecs v4.7.5 \ STANDARD Codecs v2.1.5 | 50 MB

ကျွန်တော်တို့တွေ Windows ထဲမှာပါတဲ့ Windows Media Player ဟာ ပါ Videos,Audio Format အားလုံး Support မလုပ်ပေးနိုင်ပါဘူးဗျာ. ဒါကြောင့် ကျွန်တော် တို့ Format တွေ Support လုပ်နိုင်အောင် VLC တို့ GOM တို့ ထပ်ပြီး Install ရပါတယ်ဗျာ. ဒီ Program လေးက Windows မှာ ပါလာတဲ့  Windows Media Player ကို amr | mpc | ofr | divx | mka | ape | flac | evo | flv | m4b | mkv | ogg | ogv | ogm | rmvb | xvid  စတဲ့ Codecs တွေထပ်မံ ပေါင်းထည့် ပေးပြီး မည်သည့် Format ကို မဆို Support လုပ်ပေးနိုင်စေ မဲ့ Codecs  package လေးပါဗျာ. ဒီ package လေး ကို ADVANCED Codecs နဲ့ STANDARD Codecs ဟု နှစ်မျိုး အသုံးပြု နိုင်ပြီး ADVANCED Codecs မှာတော့ အဆင့်မြင့်သော Codecs package များ သို့ ပြောင်းလည်း ပေးနိုင်သော စနစ်ဖြစ်ပြီး STANDARD Codecs ကတော့ ပုံမှန်  Codecs package များ အဖြစ် သာ ပါဝင် ပါတယ်ဗျာ. ဒီ Codecs package လေးကို  Windows 7 and Windows 8 System နှစ်မျိုး လုံး မှာ အသုံးပြုနိုင်ပါတယ်ဗျာ.

O&O SafeErase Professional v7.0.219 | 11 MB

အခု နောက်ပိုင်း Recovery Software တွေ ပေါ်လာတော့ တချို့ မသမာ တဲ့ ဆိုင်တွေ မိန်းကလေးတွေ ရဲ့ ဓါတ်ပုံတွေ , အပျော်ရိုက်ထားတဲ့ Video တွေ ကို Internet တင်ပြီး သိက္ခာချ ခံ ရတာတွေ ကြုံတွေ့နေရပါတယ်ဗျာ. ဒီ Program လေး က File တွေ folder တွေကို နောက်ထပ်ဘယ်နည်းနဲ့မှ ရှာလို့မရအောင် အပြီးအပိုင် ဖျက်ဆီးပေးတဲ့ Tool လေးပါဗျာ.ပုံမှန်အားဖြင့် Windows ပေါ်ကနေ Shift+ Delete နဲ့ဖျက်လိုက်ရုံနဲ့ပဲ ဖြစ်ဖြစ် | Format ချလိုက်ရုံ နဲ့ ပဲဖြစ်ဖြစ် file တွေ folder တွေဟာ Hard disk တွေပေါ်ကနေ ,  memory ကဒ်တွေ ကနေ အပြီးအပိုင်ပျက်မသွားပါဘူး file/ folder တွေ ထည့်သွင်း/ တည်ရှိနေတဲ့ hard disk ရဲ့ sector တွေ လမ်းကြောင်း(path) တွေကိုသာ ဖျောက်ထားလိုက်တာပါဗျာ ဒါကြောင့် data recovery tool တွေနဲ့ ပြန်လည်ရှာဖွေ (recover) လုပ်လို့ရနေတာပါ အခု ဒီ tool က  အရေးကြီးတဲ့ မိမိနဲ့ပဲ သက်ဆိုင်တဲ့ personal information, personal data တွေကို အကြောင်းကြောင်းကြောင့် မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ PC မှာ internet cafe တွေမှာ မဖြစ်မနေ သုံးနေရတဲ့အခါ အရေးကြီးတဲ့ ကိုယ့်ရဲ့ အကြောင်းအရာတွေကို မလိုအပ်ပဲ သူတစ်ပါးဆီသို့ မရောက်သွားအောင် တားဆီးကာကွယ်ပေးမှာပါဗျာ.

VSO Convert X to DVD v5.2.0.13 | 33 MB

ဒီ program လေးကတော့ All in one video conversion and burning လေးပါဗျာမိတ်ဆွေ တို့ ရဲ့ DVD ဗီဒီယိုတွေ ကို လိုအပ်သလို conversion  ပြုလုပ်နိုင်ပြီး flv; avi  ;mpeg1 ; mpeg2 ; xvid; mov ; mkv ; divx .... so on စတဲ့ Format တော်တော် များများ ကို Support လုပ်ပေးနိုင်ပါတယ်ဗျာ. NTSC to PAL တို့ကို Convert လုပ်ပေးနိုင်ပြီး subtitle  ထည့် ခြင်း , menu  ပြောင်း ခြင်း စတာတွေ ကို အသုံးပြု နိုင်ပြီး 16:9 widescreen + 4:3 fullscreen တို့အပြင် ISO output အဖြစ်လည်းရပါတယ်ဗျာ.

Crystal Security v3.5.0.91 Beta | 815 KB

ဒီကောင်လေးကတော့ ရိုးရှင်းလွယ်ကူ ပြီး အသုံးဝင်တဲ့Security tool လေးပါ မိတ်ဆွေ တို့ရဲ့ computer system မှာရှိတဲ့ မှားယွင်းနေတဲ့ Files တွေ , ထိခိုက်နိုင်စေမဲ့ အရာတွေ | အသုံးမပြု သင့်တဲ့ program တွေ ကို အမြန်ဆုံး  ရှာဖွေ ဖယ်ရှားပေးနိုင်ပါတယ်ဗျာ. ဒီ security tool လေးကို အသုံးပြု ခြင်းဖြင့် ကိုယ့် အသုံးပြုတဲ့ program တွေ ဟာ အဖြူ လား အမဲလား အကောင်းအဆိုး ခွဲခြားနိုင်ပြီး system က မလိုအပ်တဲ့ program တွေ ကိုလည်း သိရှိစေနိုင်ပါတယ်ဗျာ.

Glarysoft Disk Speed v5.0.1.57 | 4 MB

Glarysoft က ထုတ်လုပ်ထားတဲ့ Defrag Program လေးပါဗျာ. Defrag လုပ်တာကိုတော့ အားလုံးရင်းနှီးပြီးသားပါဗျာ မိတ်ဆွေတို့ Computer မှာ ပြန့်ကျဲနေတဲ့ ဖိုင်တွေအားလုံးကို ပြန်စီပေးပြီး တခြား Hard Disk အပိုင်းထိ ပြန်လည် ပြုပြင်နိုင်ပါတယ်ဗျာ. အဲဒီလို မျိုးပြန့် ကျဲနေတဲ့ Fileတွေ ကိုရှင်းလင်းဖို့အတွက် Windows မှာ built in ပါတဲ့ Defragmenter နဲ့ လဲရှင်းလင်းနိုင်ပါတယ် ဒီ Glarysoft Disk Speed Program လေးကတော့ Defragment ဖြစ်နေတဲ့ File တွေကိုအကောင်းဆုံး နဲ့ အမြန်ဆုံး စုစည်းပေးနိုင်မယ့် Thard Party Utilities လေးပါ ဒီလိုမျိုး Defragmenter လုပ်ပေးခြင်း ဖြင့် မိတ်ဆွေ တို့ Computer ရဲ့ လုပ်ဆောင်ချက် ကို မြန်ဆန်လာစေ ပါတယ် (ဥပမာ- ကျွန်တော်တို့ Computer System ပိုင်းကနေ တခြား Hard Disk အပိုင်းတစ်ခု ဖွင့်မယ် ဆိုပါစို့ ကိုယ်ဖွင့်လိုက် တဲ့ Hard Disk ပိုင်းထဲ မှာ ရှိတဲ့ Data တွေကို ချက်ချင်း မမြင် ရပဲ နှေးကွေးပြီး တတ်လာရင်တော့ မိတ်ဆွေ  တို့ Hard Disk က သေချာပြီး Files ပြန့်ကျယ်မှု များနေပါပြီး ဒါကြောင့်  Defragmenter ပြုလုပ်ဖို့ လိုအပ်နေပါပြီးဗျာ) ဒီ Program လေးက အလိုအလောက် Local Disk နဲ့Hard Disk ထဲမှာပြန်ကျဲနေတဲ့ File တွေ Folder တွေကိုတူရာတူရာ ကို တစ်စုတစ်စည်းတည်းဖြစ်အောင် Defragment ပြု လုပ်ပေးပြီး System ရဲ့ စွမ်းဆောင်ရည် ကို မြင့်တက်လာစေမှာပါဗျာ.

Tuesday, September 2, 2014

Xara Photo Graphic Designer v10.1.3.35257 | 86 MB

ဓါတ်ပုံ ၀ါဒနာ ရှင် တွေ နဲ့ Graphic Designer တွေ အတွက် အလွန် အသုံးဝင် တဲ့ Program လေးပါ. မိတ်ဆွေ တို့ ဓါတ်ပုံတွေ ကို ပြုပြင် အလှဖန်တီးဖို့ နဲ့ Graphic Design လှလှလေးတွေ   ရေးဆွဲနိုင်တဲ့ နေရာမှာ အံ့သြလောက်အောင် ကောင်းမွန် တဲ့ Program လေးပါဗျာ. မိတ်ဆွေ တို့ ရဲ့ Photos တွေ ကို အလင်းအမှောင် ချိန်ညှိခြင်း, Effect ထည့်ခြင်း , 3D Style,  Spots လို မျိုး noise တွေအလွယ်တကူ ဖယ်ရှားခြင်း စတာတွေလည်း လုပ်ဆောင်ပေးနိုင်ပါတယ်. Photo တွေကို သာ ပြင်ဆင်နိုင်ယုံ သာမက ပဲ ခဲခြစ်ပန်းချီ ချယ်ခြင်း ကဲ့သို့ အခြား Design နဲ့ပက် သက်သော Tools တွေကလည်း စုံလင်ပြီး Professional တစ်ယောက်လို ဖန်တီးနိုင်မှာပါဗျာ.

Display Driver Uninstaller v13.0.1.0 | 1 MB

ဒီ Program လေး ဟာ မိတ်ဆွေ တို့ Windows မှာ ရှိတဲ့ Standard driver တွေ ကို ပြန်ပြီး Uninstall လုပ်တဲ့ နေရာမှာ များစွာအထောက်ကူပြုစေပါတယ်ဗျာ NVIDIA and AMD တို့လိုမျိုး Display Driver တွေကို တောင် Uninstall လုပ်တဲ့ နေရာမှာ ၎င်း နဲ့ ပက်သက်တဲ့  registry keys တွေ Files နဲ့ Folder တွေပါမကျန် အကုန်လုံး ဖျယ်ရှားပေး နိုင်ပါတယ်ဗျာ. (ဒီ Program အသုံးမပြုခင် မိတ်ဆွေ တို့ Computer ကို System restore တစ်ခု လုပ်ထားဖို့ မမေ့ နဲ့ ဦးနော် ).

TSR Watermark Software Image v3.3.2.7 | 13 MB

ဒီ Program လေးကတော့ မိတ်ဆွေ ဓါတ်ပုံတွေ ပေါ်မှာ style  စာလုံးပုံစံတွေ , အလှပုံတွေ color  မျိုးစုံ နဲ့  Watermark ပြုလုပ်ပေးနိုင်ပါတယ်ဗျာ. မိမိ လိုအပ် သလို Files Size ပုံစံ ပြု လုပ်နိုင်ပြီး  မိတ်ဆွေတို့ ပြုလုပ်တဲ့ Photo တွေ အပေါ် မှာလည်း ကိုယ့် သင်္ကေတ အနေ နဲ့ အမှတ် အသား တစ်ခုခု ပြုလုပ် နိုင်ပါသေးတယ်ဗျာ.

VSO Downloader Ultimate v4.1.1.25 | 29 MB

ဒီ Downloader လေးကတော့ Websites , Youtube, Metacafe, Vimeo, Dailymotion အစရှိသည်တို့မှ videos and audio တွေကို အလွယ်တကူ Download ချပေးနိုင်တဲ့ Program လေးပါဗျာ Movies နဲ့ Audio တွေ  Download လုပ်ဖို့ အတွက် သီးသန့်ရေးဆွဲ ထားတဲ့ Program ဖြစ် တာကြောင့် Download Speed မြန်ဆန်လှပါတယ်ဗျာ. IDM ကဲသို့ resumed အနေနဲ့ လည်းရပါတယ်ဗျာ.