Sunday, October 12, 2014

Independently investigate the horrific murders of Hannah Witheridge and David Miller

Please , We need help......Multiply Your Impact
Turn your signature into dozens more by sharing this petition and recruiting people you know to sign.
Hannah Witheridge and David Miller  တို့ ရဲ့ ကြောက်မက် ဖွယ် အသတ်ခံ ရမှု နဲ့ ပက်သက် ၍ လာမယ့် အောက်တိုဘာ(၁၇)ရက်နေ့မှာ ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းရဲ့ရုံးထံသို့ ဒေးဗစ်နဲ့ဟန်နာတို့ အသတ်ခံရတဲ့အမှုကို လွတ်လပ်တရားမျှတစွာ စီရင်ဖို့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့စာ ပို့တော့မှာ ဖြစ်ပါတယ်။ ခုလောလောဆယ်ထိ လက်မှတ် (၅၆၇၀၀) ကျော်ပဲ ရပါသေးတယ် တဲ့။ လက်မှတ်(၁၀၀ ၀၀၀)(တစ်သိန်း) ထိပြည့်အောင် ကူညီပေးကြပါလို့ CSI LA ဖေ့ဘုတ်ပေ့ခ်ျက မေတ္တာရပ်ခံနေပါတယ်ခင်ဗျာ။ ကူညီပေးရမှာက သိပ်မခက်ခဲပါဘူး။ မိနစ်ပိုင်းလောက်ပဲ အချိန်ပေးလုပ်ရမှာပါ

(1) အောက်ကလင့်ကို ၀င်လိုက်ပါ။ (Please Sing in Here)


Sing in Here

(2) ကျနော့်ပုံမှာ ရေးထားတဲ့အတိုင်း မိမိရဲ့နာမည်နဲ့ gamil လိပ်စာနဲ့ နေတဲ့မြို့နာမည် ထည့်ပေးလိုက်ပါ။ မြို့နာမည်ရေးရခက်နေရင် Yangoon သာ ရိုက်ထည့်လိုက်ပါ။

(3) အောက်ဆုံးနေရာမှာ မိမိရဲ့အမြင်ကို ရေးပေးရပါမယ်။ ရေးဖို့ခက်နေရင် ဒီစာ

After I checked this case. I am believed Two Burmese are not murders. Thai Police afraid Thai Mafia. Thai Mafia is very Big and dangerous in All people in Thailand.

ကို ကော်ပီကူးပြီး အောက်ဆုံးက အကွက်မှာ ဖြည့်ပေးလိုက်ပါ။
(4) ပြီးရင် Sign Up 3 ဆိုတဲ့ အနီရောင်နေရာလေးကို နှိပ်ပေးလိုက်ပါ။

အချက်အလက်တွေ ဖြည့်စွက်ရာမှာ Password တွေဘာတွေ ဖြည့်စရာမလိုတဲ့အတွက် လုံခြုံမှု၊ စိတ်ချရမှု ရှိပါတယ်။
တလောက အင်တာနက်ဂျာနယ်မှာ ဖတ်လိုက်ရပါသေးတယ်။ မြန်မာပြည်မှာ ဖေ့ဘုတ် သုံးစွဲသူ ဦးရေ တစ်သန်းခြောက်သိန်းကျော်ရှိပါသတဲ့။ ခုလက်မှတ်ထိုးတဲ့ (5) သောင်းကျော်ထဲမှာ နိုင်ငံခြားသားတွေလည်းပါပါတယ်။ ထားပါတော့။ မြန်မာပြည်သားတွေချည်းပဲဆိုရင်တောင် (5) သောင်းဆိုတာ မြန်မာပြည်က ဖေ့ဘုတ်သုံးစွဲသူပမာဏရဲ့ (၄%) တောင် မရှိသေးပါဘူး။ လက်မှတ်ထိုးဖို့ ကျန်သေးတဲ့ မြန်မာပြည်သား ဖေ့ဘုတ်သုံးစွဲသူ (၉၆%) (တစ်သန်း ငါးသိန်း ငါးသောင်းကျော်) ခင်ဗျား - ၀ိုင်းဝန်းကူညီပေးကြပါဦး။ မြန်မာပြည်က သူငယ်ချင်းတွေ လိပ်ကွန်နရှင်ကြောင့် လုပ်ရခက်နေရင်လည်း နိုင်ငံခြားမှာနေတဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ၊ ဆွေမျိုးသားချင်းတစ်ယောက်ယောက်ကို မိမိရဲ့ Gmail လိပ်စာပေးပြီး ကူညီခိုင်းလို့လည်း ရပါတယ်.




No comments:

Post a Comment