Tuesday, March 10, 2015

IObit Malware Fighter Pro v3.0.2.30 | 26 MB

IObit Malware Fighter program လေးဟာ မိတ်ဆွေ တို့ System အတွင်း ၀င်ရောက်နေတဲ့ Malware & spyware removal utility တွေကို ကောင်းမွန်စွာ တိုက်ခိုက်နိုင်ပြီး  မိတ်ဆွေ တို့ Computer Systemကိုလည်း spyware, adware, trojans, keyloggers, worms, and hijackers နဲ့အခြား Virus တွေရဲ့ ရန်မှ ကာကွယ်ပေးပါတယ်ဗျာ။ ဒီ IObit Malware Fighter Program လေးကို "Dual-Core" စက်တွေမှာ သုံးဖို့ ပိုပြီးသင့်တော်ပါတယ်။ Internet အသုံးပြုတဲ့သူတိုင်း adware,trojans ,keyloggers ,bots, worms, malware တွေနဲ့ကြုံတွေ့ရမှာမလွဲပါဘူး  အကြောင်းအမျိုးမျိုးကြောင့်
Malware ပဲ ဖြစ်ဖြစ် Virus ပဲ ဖြစ်ဖြစ် မိတ်ဆွေ တို့ ရဲ့ Computer System ထဲကိုဝင်သွားရင် အဲဒီ Malware တွေ မတိုက်ခိုက်နိုင်အောင်တားဆီးပေးပါတယ် နောက်ပြီးတော့ အဲဒီ Malware တွေ ကို ရှင်းလင်းပေးတဲ့နေရာမှာ ဒီ IObit Malware Fighter လေးက မြန်မြန်ဆန်ဆန်လေးအလုပ်ပေးပါတယ်ဗျာ။ အသွင်အပြင်လေးကလဲ လန်းပါတယ်ဗျာ ။ Internet အသုံးပြုနေတဲ့ မိတ်ဆွေ တိုင်း ဆောင်ထားသင့်တဲ့ Software လေးပါဗျာ။ Malware တွေ Spyware ရှင်းလင်းပေးတဲ့နေရာမှာလည်း မိတ်ဆွေ တို့ကွန်ပျူတာထဲက တခြား Software တွေ ကို မထိခိုက်အောင် ရှင်းလင်းပေးပါတယ်ဗျာ။ လက် ရှိ မိတ်ဆွေ တို့ Computer ထဲမှာရှိတဲ့ Antivirus နဲ့လည်း တွဲသုံးလို့ရပါတယ်ဗျာ

Opera v28.0.1750.40 Stable | 31 MB

အဆင့် မြင့် Broswer တစ် ခု ဖြစ်တဲ့ Opera ရဲ့ new version Update လေးပါဗျာ Firefox လောက် မကျော်ကြား ပေမဲ့ FireFox  ပြီးတာ နဲ့ Opera လေးဟာ တော်တော် မြန်ဆန်တဲ့ Browser လေးပါဗျာ။ မြန်မာ စာ အတွက် အ နည်း ငယ် အခက် အခဲ ရှိတာကြောင့် မြန်မာ တွေ အသုံးပြု နည်း ကြတာပဲ ရှိပါတယ်။ Browser နှစ်ခု သုံးခု ကို တစ်ပြိုင် တည်း သုံးတတ်ကြ တဲ့ မိတ်ဆွေ တွေ နဲ့ Opera Update မဖြစ်သေးတဲ့ မိတ်ဆွေ တွေ အောက်မှာ Download လိုက်ပါဗျာ

Mozilla Firefox 37.0 Beta 3 | 39 MB

Internet Browser တွေ ကို Update ဖြစ် သင့် ပါတယ်ဗျာ. ဒါ မှ တာ Security ကောင်းမွန် လာ မှု နဲ့ မြန်ဆန် လာ မှု ကို ရစေ မှာ ပါ ဗျာ. Mozilla Firefox  နောက် ပိုင်း Update version မှာ ဆိုရင် ပြင်ဆင် များစွာ ရှိခဲ့ ပါတယ်ဗျာ အသုံးပြု ရ တဲ့ ပုံစံ ကို Maxthon Browser ကဲ့သို့ ပြောင်း လည်း ထားပြီး Setting ပိုင်းလည်း ပြု ပြင် ထားပါတယ်ဗျာ.  Google Chrome ပြီးရင် Mozilla Firefox နံပါတ် 2 အဆင့် မှာ ရှိတဲ့ Browser လေးပါဗျာ. အသုံးပြု ရ တာ လည်း လွယ်ကူ ပြီး  မြန်မာစာ အတွက် လုံးဝ အဆင်ပြေ တာကြောင့် မြန်မာ တွေ အသုံး များကြ ပါတယ်ဗျာ. Beta version  နဲ့ Stable version နှစ် မျိုး ကို နားမလည် တဲ့ သူတွေ အတွက် ရှင်းပြ ချင်ပါတယ်ဗျာ Beta Version ဆိုတာ စမ်းသပ် ထုတ်လုပ်တဲ့ Version တစ်ခုဖြစ်ပြီး အဲဒီ Beta version က လိုအပ် ချက်တွေ ကို ပြန်လည် ပြု ပြင် ပြီး Stable version  အဖြစ် ထုတ်လုပ် တာပါ.

Solid Explorer 2.0 Alpha 150307 | 5 MB

Root Explorer ကဲ့သို့သော Applications လေးပါဗျာ Explorer ဆိုလိုက်တာ နဲ့ Android ဖုန်းကိုင် ဆောင် တဲ့ Developer တွေ အားလုံး သိပြီး ကြမှာ ပါ. ထွေထွေ ထူးထူး မရှင်း ပြတော့ ပါဘူး ဗျာ Solid Explorer ဟာ Root Accsee ရရှိထားတဲ့ ဖုန်း တွေ ရဲ့ Data ပိုင်း Application ပိုင်းတွေ ကို စီမန် ခန့် ခွဲ နိုင် တဲ့ အလွန် ကောင်းမွန် တဲ့ file manager လေးပေါ့ Android Version မြှင့်ခြင်း , System App ဖျက်ခြင်း, Gapp ထည့်သွင်းခြင်း TAR and ZIP archives ဖန်တီးခြင်း စတာတွေ ကို မိမိ လိုသလို  ဖန်တီး အသုံးပြုနိုင်ပါတယ်ဗျာ

VLC For Android v1.1.3 | 10 MB

Mx Player ကဲ့ သို့ လုပ်ဆောင်ချက် တွေ ကို လုပ်ဆောင်ပေးနိုင်တဲ့ VLC Player လေး ကိုတော့ Computer  အသုံးပြု နေ ကြတဲ့ မိတ်ဆွေ တော်တော်များများ ကြားဖူး ကြ မှာ ပါဗျာ။ VLC Player လေးဟာ ဆိုရင် Videos Format အားလုံး ကို Support ပြုလုပ်ပေးနိုင်ပြီး အသုံးပြု သူတွေ အတွက် ကောင်းမွန် တဲ့ touch control စနစ် ကိုပါ ထိန်းချုပ်ပေးနိုင်ပါတယ်ဗျာ videos quality အရည်အသွေး ကိုလည်း HD video format အဖြစ် ကြည်လင်ပြတ်သား စေပြီး video setting ပိုင်းဆိုင်ရာ နဲ့ audio setting ပိုင်းဆိုင်ရာတွေ ကို မိတ်ဆွေ တို့ကြိုက်သလို ချိန်ညှိနိုင်ပါတယ် ဒါအပြင် volumes အသံ တွေကိုလည်း တခြား Player တွေထက် 2 ဆ တိုးချဲ့ပေး နိုင်တာကြောင့် သီချင်း ကျယ်ကျယ် မှ နားထောင်တတ်ကြတဲ့ မိတ်ဆွေ တွေ အတွက် လည်း များစွာ အဆင်ပြေစေပါတယ်ဗျာ.

Mobile AntiVirus Security Pro v4.3 | 12 MB


အလှပန်းဆိုင်း ပုံစံ ရှိတဲ့ AVG Antivirus လေး ကိုတော့ နည်းပညာ နယ်ပယ် တလွှား မှာ မသိတဲ့ သူ မရှိကြ ပါဘူး Mobile Antivirus တွေထဲမှာ အတော်လေးပေါ့ပါးပြီး အသုံးပြုရတာ အဆင်ပြေလွယ်ကူတဲ့ Antivirus တစ်ခုဖြစ်ပါတယ်ဗျာ အထင်ကရ Antivirus Program တစ်ခု ဖြစ် ယုံသာမက လူသုံး များလှကြပါတယ် ကျွန်တော်ပြောနေကျ အတိုင်းပါပဲ Antivirus ဆိုတာက PC မှာတင်မကဘဲ Smart Phone မှာ ပါ ရှိထားသင့်ပါတယ် Android Phone တွေအတွက် Antivirus တွေ အများကြီးရှိပါတယ် သူ့ အကြိုက် နဲ့ သူပေါ့ဗျာ အဲဒီအထဲကမှ အပေါ့ပါးဆုံး နဲ့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ AVG Antivirus Pro ကိုတော့ ကျွန်တော် အတော်လေးသဘောကျပါတယ် Virus, threats , ad , online hacking စတာ တွေကို ရှင်းလင်းပေးနိုင်တဲ့အပြင် Mobile System ဆိုင်ရာ အခြားသော Feature အသုံးပြုနိုင်ပါတယ်ဗျာ

Driver Reviver v5.0.2.24 | 4 MB

Driver Reviver လေးကတော့ program သေးသလောက် များစွာအသုံးဝင်လှတဲ့ program တစ်ခု ဖြစ်ပါတယ်ဗျာ windows system တွေ ရဲ့ နှေးကွေး လေး လံ တဲ့ ပြဿ     နာ တိုင်းမှာ များသော အား ဖြင့်  Driver တွေ မှားယွင်း တာ တွေ လိုအပ် နေတာတွေ  ကြောင့် ဖြစ်စေ ပါတယ် computer system တစ်လုံး မှာ အရေး ကြီးဆုံးဖြစ်တဲ့ Driver အပိုင်း အတွက် လိုအပ် တဲ့ Driver တွေကို Internet အနည်းငယ်ရှိယုံ နဲ့ မြန်ဆန်စွာ ရှာဖွေပေးနိုင်ပြီး အလိုအလျှောက် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်ဗျာ. ဒါ့ အပြင် drivers နဲ့ device Update တွေ ကို အလွယ်တကူ Update လုပ်ပေးနိုင်တာကြောင် ဒီ Program လေးကို ဆောင်ထားခြင်း ဖြင့် service သမားတွေ နဲ့ windows အသစ်တင်လိုသူများအတွက်တော့ driver ရှာရမယ့် အလုပ် လျော့နည်းစေပါတယ်ဗျာ.

Everyone Piano v1.7.1.12 | 5 MB

တီတသံစဉ် တွေ ကို ချစ်မြတ်နိုးတဲ့  မိတ်ဆွေ တွေ နှင့် သီချင်းရေးသူများ ၊ ဂီတဝါသနာရှင်များ ၊ ကိုယ်ပိုင်သံစဉ် ရှာသူများအတွက် အလွန်အသုံးဝင်တဲ့ program လေးပါဗျာ မိတ်ဆွေ တို့ computer က keyboard တစ်ခု လုံးကို Piano တစ်ခု အဖြစ်ဖန်တီးပေးနိုင်ပြီး မိမိတို့ရဲ့တစ်နေ့တာပင်ပန်းမူ
ကိုစိတ်သက်သာရအောင် Piano တီးခတ်ပြီး အပန်းဖြေ နိုင်သလို |  Piano တီးခတ်ခြင်း ကို လေ့လာ နေတဲ့ မိတ်ဆွေ တွေ အတွက် Piano တစ်လုံး မိမိ အနားမှာ ရှိနေသကဲ့ သို့ လေ့ကျင့် နိုင်ပါတယ်ဗျာ  မိမိရဲ့ ဖန်တီးမှု ကောင်းရင် ကောင်းသလို ကိုယ်ပိုင် တီးလုံး တွေ ဖန်တီးပေးနိုင်ပြီး Key တွေ လညိး #(ရှ) သံတို့  b(ဖလက်)သံ တို့ လည်း ပြောင်းလဲ တီးခတ်နိုင်ပါတယ်ဗျာ

EMDB v2.28 | 3 MB

Online Movies အများကြီးတွေကို တစ်နေရာထဲ စုစည်းပြီး ကြိုက်တဲ့ ဇတ်လမ်းကိုရွေးချယ် ကြည့် ရှုနိုင်တဲ့ Program လေးပါဗျာ မိတ်ဆွေ တို့ မှာ ရှိတဲ့ ရုပ်ရှင် ဇတ်လမ်း အတွဲ တစ်ခု ကို catalog ကဲ့သို့ တခြား သူတွေ ပေးခြင်းတဲ့ အခါ  ဒီ Program လေး က အပြည့် အ၀ ဆောင်ရွက်ပေးပြီး catalog
လုပ်ပေးနိုင် တာ တစ်ခု တည်း အတွက် မဟုတ်ပဲ တခြား နာမည်ကြီး Movies ဆိုဒ် 100 ကျော် က Movies တွေကို လည်း  EMDB Program က နေ Movies database အမျိုးအစား အလိုက် လည်းရှာ ဖွေနိုင်ပါတယ်ဗျာ.

CoolUtils Total Image Converter v5.1.65 | 20 MB

မိတ်ဆွေ တို့ ရဲ့ Images Files တွေကို Format တစ်ခု နှင့် တစ်ခု ကို လိုသလို ပြောင်းနိုင်ပြီး Image Size ကို ပါလျော့ ချ ပေးနိုင်တဲ့ ကောင်းမွန်တဲ့ converter လေးပါဗျာ.JPG, GIF, BMP, PBM, PGM, PCX, PNG, PPM, TGA, TIF, WMF, EMF....so on စတဲ့ Format များ သို့ ပြောင်းနိုင်ပြီး watermark , resize or rotate စတဲ့ frame တွေ ကိုပါ ချိန် ညှိနိုင်ပါတယ်ဗျာ.

WinReducer 10 v0.9.0 Beta & 8.1 v1.5.2 | 5 MB

ဒီ Program လေးဟာ Windows 10, 8.1 , 8 System တွေ ကို Offline အနေ Windows Update ဆွဲ ပြီး Update တင်နိုင် တဲ့ အလွန်အသုံးဝင် တဲ့ Tool လေးပါဗျာ.  ဒါအပြင် အသစ်ထွက်ရှိတဲ့ Windows Update များ ဖြစ်တဲ့ Windows 8,8.1  ရဲ့ လိုအပ်တဲ့ drivers and updates  တွေ  အတွက်ပါ အသုံးပြုနိုင်ပါတယ်ဗျာ.

Wake on LAN v2.11.0 | 8 MB

Internet Cafe , သင်တန်းတွေ အတွက် အသုံးဝင်တဲ့Program လေးပါဗျာ Network တစ်ခု အတွင်းမှာ ရှိတဲ့ မိတ်ဆွေ တို့ Computer ကနေ တခြား User Computer ကို Shut down , Open , Restart လုပ်ပေးနိုင်တဲ့ Program လေးပါဗျာ မိတ်ဆွေ တို့ Computer နဲ့ တခြား Computer ကို Network သာ ချိတ်ထားပါစေ၊ အဲဒီ Computer က Shutdown လုပ်ထားတာတောင်မှ လှမ်းဖွင့်နိုင်ပါတယ်ဗျာ အဲဒီ Computer ထဲ ကို လျှပ်စစ်ပါဝါ ၀င်နေဖို့တော့ လိုတယ်နော် :) ( eg- PC 1 ကနေ PC 2 ကို လှမ်းဖွင့်မယ် ဆိုပါစို့ အရင်ဆုံး PC2 ရဲ့ MAC address ကို တော့ သိရ ပါမယ် PC2 မှာ command prompt ကိုဖွင့်ပြီး getmac လို့ ရိုက်လိုက်ပါ အဲဒါဆို MAC address ကျလာပါလိမ့်မယ် နမူနာ ဒါမျိုးပေါ့ 00-17-C4-F4-20-2D အဲဒီ MAC address ကို စာရွက်ပေါ်ဖြစ်ဖြစ် ကူးလိုက်ပါ ပြီးရင် ရပါပြီး အဲဒီ PC2 ကို Shutdown လုပ်လိုက်ပါဗျာ ပြီးရင် ဒီဘက် PC1 ကို ပြန်လာခဲ့ပြီး Command Prompt ကို ဖွင့်ပါ Cmd ထဲမှာ  နမူနာ C:\>....Wake On LAN..../sendlocal /mac:00-22-15-BE-23-25  :) ဒီလိုမျိုး  Command ရိုက်ပြီး Enter ခေါက်လိုက်ပါဗျာ Text တွေ အလိုလို ပေါ်လာပါလိမ့်မယ် ဒါဆိုရင် တော့ PC2 လေးက ဘယ်သူမှမဖွင့်ဘဲ သူ့အလိုလို ပွင့်လာပါလိမ့်မယ်ဗျာ.

FotoSketcher v3.0 | 11 MB

ဒီ ကောင်လေးက တော့ Photos တွေ နဲ့ ပက်သက် ပြီး အတော်အတန် ကို ပြုပြင် နိုင်တဲ့ Program လေးပါဗျာ. မိတ်ဆွေ တို့ ရဲ့ Photos လေးတွေကို ခဲခြစ် ပန်းချီ ပုံလေးတွေ ဖြစ်အောင် ပြု ပြင်ခြင်း ရေးဆေး၊ ဆီဆေး ပန်းချီ တွေနဲ့ တခြား ပန်းချီ ဒီဇိုင်း အမျိုးမျိုး ကို ဖန်တီးနိုင်ပါတယ်ဗျာ. တချို့ မှောင်သလိုလိုဝါးသလိုလို ဖြစ်နေတဲ့ Photos တွေကိုတောင် ဒီ Program လေး နဲ့ ပြန် ပြီး ချိန်ညိပေးလို့ရပါတယ်ဗျာ.

IObit Driver Booster v2.2.0.158 | 11 MB

Windows တစ်ခု မှာ Software နဲ့ Hardware နဲ့ ကိုက်ညီဖို့အတွက် Driver တွေ က အဓိက လိုအပ်ပါတယ် Driver မသိရင် Software တွေ က အလုပ်မလုပ် နိုင် ကြပါဘူး ဒီ IObit Driver Booster မိတ်ဆွေ Computer မှာ ဘာ Driver တွေ လိုအပ် နေလည်း ဘာ Software Driver တွေ က Outdate ဖြစ်နေ လည်း  Update ဖြစ်အောင် ဘာတွေ လုပ်ရမယ်ဆိုတာ  ဖော်ပြပေးတဲ့ Program လေးပါဗျာ။ Driver တွေ မှာ အဓိ က Update ဖြစ်ဖို့ Graphic Driver နဲ့ Sound driver လို အပ် ပါတယ် ဒီ လို Software Driver တွေ update ဖြစ် နိုင် မှ မိတ်ဆွေ တို့ Windows ဟာ စွမ်းဆောင် ရေး မြင့် မားလာနိုင် မှာ ပါဗျာ။ ကဲ မိမိ Windows မှာ Driver တွေ Update ဖြစ် မဖြစ် သိအောင် ဒီ Driver Booster လေး နဲ့ ရှာ ကြည့် ကြ ရအောင် ဗျာ

TSR Image Resizer Rotater v1.4.1.526 | 4 MB

ဒီ Program လေးကတော့ မိတ်ဆွေ ဓါတ်ပုံတွေ ပေါ်မှာ style  စာလုံးပုံစံတွေ , အလှပုံတွေ color  မျိုးစုံ နဲ့  Watermark ပြုလုပ်ပေးနိုင်ပါတယ်ဗျာ. မိမိ လိုအပ် သလို Files Size ပုံစံ ပြု လုပ်နိုင်ပြီး  မိတ်ဆွေတို့ ပြုလုပ်တဲ့ Photo တွေ အပေါ် မှာလည်း ကိုယ့် သင်္ကေတ အနေ နဲ့ အမှတ် အသား တစ်ခုခု ပြုလုပ် နိုင်ပါသေးတယ်ဗျာ.

DVDFab v9.1.9.1 Beta / BluFab v9.1.4.4 | 58 MB

DVDFab Programs လေးက ဟာ DVD တွေအချင်းချင်း Copy ကူးတဲ့နေရာမှာ တော်တော်ကောင်းတဲ့ Software လေးပါ Write Protect တွေ ကြိုက်သလောက်ခံထား ဒီကောင်က အကုန်ကူးပေးနိုင် ပါတယ် ပြီးတော့ PC ထဲက ဖိုင်တွေကို DVD ထဲကိုလည်း ကူးထည့်ပေးနိုင်တယ် Nero လိုပဲပေါ့ဗျာ ဒါပေမယ့် Nero ထက် သာတာ က ဖိုင်ဆိုဒ် နည်းတော့ Download လုပ်ရတာ အရမ်း လွယ်ကူ ပြီး လူ အသုံးများကြပါတယ်ဗျာ။ ပျက်စီးနေတဲ့ ခွေကိုတောင် တော်တော်ကြိုးစားပြီး ကူးပေးနိုင်တယ်
Blue-Ray ခွေတွေကိုလည်း အကောင်းဆုံး ကူးပေးနိုင်တယ် ISO လည်းလုပ်လို့ရတယ် CD/DVD အခွေတွေ ကူးရာမှာ အမြန်ဆုံးနဲ့ Copy Protect လုပ်ထားတဲ့အခွေများကို ကူးပေးနိုင်တဲ့ Software ကောင်းလေးတစ်ခုပေါ့ သူ့ရဲ့လုပ်ဆောင်ချက်များကတော့ Blu-ray Copy & Blu-ray Ripper & Blu-ray to DVD & Video Converter &  DVD copy  &  DVD Ripper  (3D Plus) &  2D to 3D Converter & DVD Creator & HD Decrypter  PS2 &  Blu-ray Creator & File Transfer  လို အခွေများကိုတောင်ကူးပေးနိုင်ပြီး  , PVP, iPod,PSP,Cell Phone and PDA လို Device များအတွက်ပါ လိုချင်တဲ့ Format နဲ့ရအောင် ထောက်ပံ့ပေးပါတယ်ဗျာ

BluFab v9.1.4.4 | 49 MB

DVDFab မှ ထုတ်လုပ်ထားတဲ့  ထူးကဲ တဲ့ 3D Blu-Ray Program လေးပါဗျာ Blu-Ray Movie အတွက် သီးသန့် မဟုတ်ဘဲ တခြား Media အားလုံး အတွက်ပါ အသုံးပြုနိုင်တဲ့ All in One convector လေးပါဗျာ မိတ်ဆွေ တို့ ပြောင်းချင်တဲ့  Media တွေ ကို full menu , audio tracks , subtitles , additional materials , all kinds of movies တွေ နဲ့ နောက်ထပ် အပိုပစ္စည်း အမျိုးစား အားလုံးကို ထည့်နိုင်သွင်း ပါတယ်ဗျာ. ဒါအပြင် Videos Files တွေ ကို မိမိ တို့ လိုချင်သလောက် Files ဆိုဒ် အနေ နဲ့ ထားပြီး စိတ်ကြိုက် Format ပြောင်းနိုင်ပါတယ်ဗျာ.

Monday, March 9, 2015

မြန်မာ နိုင်ငံ အတွင်း Mobile ကွန်ယက်များ အားနည်း အာသာချက် နှင့် ကျွန်ပ် ရဲ့ အထင်အမြင်


ကျွန်တော် Blog Post မရေး ဖြစ်တာ ကြာခဲ့ ပါပြီး .. ကျွန်တော် မအားတာ တစ်ကြောင်း Network အဆင်မပြေ မှု ရှိတာ တစ်ကြောင်း စတာတွေ ကြောင့် မရေးဖြစ်တာပါ အခု ကျွန်တော် အနေ နဲ့ Blog အား Post update ဖြစ်အောင်လို့ Post အနည်းငယ် (a few post) လောက်ပြန်ရေး ပါမယ်. ဒီနေ့ Blog ပြန်ရေးရင် ပထမ ဆုံးအနေ နဲ့ လက်ရှိ မြန်မာ နိုင်ငံ Mobile ကွန်ယက်များ အားနည်း အာသာချက် နှင့် ကျွန်ပ် ရဲ့ အထင်အမြင်တွေ ဝေဖန် အကြံပေးချက် တွေ ရေးသာမှာ ဖြစ်ပါတယ်ဗျာ.

ကျွန်တော် အနေ နဲ့ပထမ ဆုံး ပြောချင်တာ ကတော့ ကျွန်တော် Blog Update မဖြစ်ပေမဲ့ အမြဲတမ်း ၀င်ကြည့်နေ တဲ့ မိတ်ဆွေ တွေ ကို ကျေးဇူးတင်ပါတယ်ဗျာ.

So thank  forever study our blog and you don`t leave my blog for no up to date my blog post.


***မြန်မာ နိုင်ငံ အတွင်း Mobile ကွန်ယက်များ အားနည်း အာသာချက် နှင့် ကျွန်ပ် ရဲ့ အထင်အမြင် ***


မြန်မာ နိုင်ငံ အတွင်း Mobile ကွန်ယက်များ အားနည်း အာသာချက် နှင့် ကျွန်ပ် ရဲ့ အထင်အမြင်


ဒီပို့ဒ် လေ့ ကို မရေးခင် ကျွန်တော် အနေ နဲ့ ပြောချင်တာ ကတော့ ကျွန်တော် က ဘယ် Mobile ကွန်ရက် မှ ၀န်ထမ်း မဟုတ်ပါ ပွဲစားလည်း မဟုတ်ပါ ကျွန်တော် အနေ နဲ့ ထင်မြင်ချက် အကြံပေးချက် သာ ဖြစ်ပါတယ်ဗျာ

Thursday, January 1, 2015

Happy New Year 2015 Our Blog is Return Open Welcome All of study user !

Thank for study our blog. To day our blog is return & come back to write ...... Happy new year 2015 & Thank you forever study our blog , don`t leave not up to date on blog. So Thank.

Sunday, November 23, 2014

Panorama Studio Pro v2.6.5 | 20 MB

从名字上很清楚,在你面前的一个产品,它允许你创建全景图像。之后您添加的照片,它们会自动相互对准,并从一个画面得到了顺利过渡到另一种,下载全景工作室直接的联系 - 快速,免费的,你可以在下面。
 
胶合的操作之前,你可以裁剪照片,缩放和旋转,以保持它们在direction.The应用程序可以使用不同的图形格式工作的权利,有已知的和不那么.PanoramaStudio是一个简单的接口得到它的权利是并不难,但没有其他语言的支持,但所有这些东西。