Showing posts with label AOMEI Backupper Technician. Show all posts
Showing posts with label AOMEI Backupper Technician. Show all posts

Saturday, August 23, 2014

AOMEI Backupper Technician v2.0.2 + keygen | 59 MB

ဒီ Program လေး ကတော့ မိတ်ဆွေ တို့ Computer အတွင်းရှိ File များ၊ Folder များကို အလွယ်တကူ Backup ပြုလုပ်ကာ သိမ်းဆည်းထားနိုင်သော Program တစ်ခုဖြစ်ပါတယ်ဗျာ သူ့ မှာ File Backup , System Backup , Disk Backup , Partation Backup and Clone Feature ဆိုပြီး Backup ပြုလုပ်နိုင်သည့် အပိုင်း 5 ပိုင်း ပါဝင်ပါတယ်ဗျာ System Backup ကတော့ မိတ်ဆွေ တို့ Computer က Operating System တစ်ခုလုံးကို Backup ပြုလုပ်ပေးနိုင်သော Feature ဖြစ် ပြီး  ဒီလို Backup ပြုလုပ်ထားမယ်ဆိုရင် Windows OS အတွင်းရှိ Error များကို Restore ပြုလုပ်ကာ ဖြေရှင်းပေးနိုင်ပါတယ်ဗျာ.Disk Backup ကတော့ ကွန်ပျူတာအတွင်းရှိ Hard Disk ကြီးတစ်ခုလုံးကို Backup ပြုလုပ်ပေးသည့် Feature ဖြစ် ပြီး  Hard Disk အတွင်းရှိ File ပမဏပေါ်မူတည်ပြီး အချိန်တော်တော်လေး ကြာမြင့်စွာ Backup ပြုလုပ်ရမှာ ဖြစ်ပါတယ် ဒီလိုမျိုး Backup ပြုလုပ်ရာမှာ Hard Disk တစ်ခုလုံးကို Image File အနေဖြင့် သိမ်းဆည်းပေးသွားမှာဖြစ်ပြီး တကယ်လို့ Hard Disk အတွင်းရှိ File များ ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် ဒီ Image File များထဲမှတဆင့် ပြန်လည် Restore ပြုလုပ်ရမှာ ဖြစ်ပါတယ်ဗျာ Partation Backup ကတော့ ကွန်ပျူတာအတွင်း Partation ပိုင်းထားတဲ့ Hard Disk များကို မှတ်သားထားမှာ ဖြစ်ပါ တယ်ဗျာ Clone Feature ကတော့ Hard Disk များအတွင်း ထည့်သွင်းထားတဲ့ File, Software , Folder , Operating System များအားလုံးကို အခြားပုံစံတူ Hard Disk အတွင်းသို့ ထည့်သွင်းခြင်း Clone ပြုလုပ်ခြင်းအတွက် ဖြစ်ပါတယ်ဗျာ ဒါအပြင် Utilities Feature လည်းပါဝင်တာကြောင့် အခြား Error များကို ဒီ Program လေး ကို အသုံးပြုပြီး ဖြေရှင်းပေးလို့ရပါတယ်ဗျာ.