Showing posts with label ထူးခြားဖြစ်စဉ် သတင်းများ. Show all posts
Showing posts with label ထူးခြားဖြစ်စဉ် သတင်းများ. Show all posts

Sunday, October 12, 2014

Independently investigate the horrific murders of Hannah Witheridge and David Miller

Please , We need help......Multiply Your Impact
Turn your signature into dozens more by sharing this petition and recruiting people you know to sign.
Hannah Witheridge and David Miller  တို့ ရဲ့ ကြောက်မက် ဖွယ် အသတ်ခံ ရမှု နဲ့ ပက်သက် ၍ လာမယ့် အောက်တိုဘာ(၁၇)ရက်နေ့မှာ ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းရဲ့ရုံးထံသို့ ဒေးဗစ်နဲ့ဟန်နာတို့ အသတ်ခံရတဲ့အမှုကို လွတ်လပ်တရားမျှတစွာ စီရင်ဖို့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့စာ ပို့တော့မှာ ဖြစ်ပါတယ်။ ခုလောလောဆယ်ထိ လက်မှတ် (၅၆၇၀၀) ကျော်ပဲ ရပါသေးတယ် တဲ့။ လက်မှတ်(၁၀၀ ၀၀၀)(တစ်သိန်း) ထိပြည့်အောင် ကူညီပေးကြပါလို့ CSI LA ဖေ့ဘုတ်ပေ့ခ်ျက မေတ္တာရပ်ခံနေပါတယ်ခင်ဗျာ။ ကူညီပေးရမှာက သိပ်မခက်ခဲပါဘူး။ မိနစ်ပိုင်းလောက်ပဲ အချိန်ပေးလုပ်ရမှာပါ

Sunday, August 31, 2014

Ooredoo မှ Internet အသုံးပြုခ 1 MB လျှင် 10 ကျပ်နှုန်းအထိလျှော့ချ




 ရန်ကုန် သြဂုတ် ၃ဝ

အော်ရီဒူး မြန်မာမှ အင်တာနက် အသုံးပြုခနှုန်းထားများကို 1 MB လျှင် ၂၅ ကျပ်နှုန်းမှ ၁ဝ ကျပ် နှုန်းသို့ လျှော့ချ လိုက်ကြောင်း ယနေ့ Sule-Shangri-La Hotel ၌ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲမှသိရသည်။
ယခုလ ၃၁ရက် နံနက် ၆ နာရီမှစတင်၍ အော်ရီဒူးဖုန်း၏ အင်တာနက်ကို Pay As You Go သုံးသလောက်ပေးဆောင်ရသည့် စနစ်ဖြင့်သုံးစွဲသူများအတွက်ယခင် နှုန်းထားဖြစ်သည့်  1 MB ၂၅ ကျပ် အစား 1 MB လျှင် ၁ဝ ကျပ်နှုန်း သာ ပေးဆောင်ရတော့မည်ဖြစ် ကြောင်းသိရသည်။ Smart Phone များအသုံးပြု၍ အင်တာနက်ကို အချက်အလက် များများ၊ အချိန်ကြာကြာသုံးလိုသူ များနှင့် သူငယ်ချင်းများထံသို့ စာတိုများ မကြာခဏပို့လိုသူ အော်ရီဒူး သုံးစွဲသူများအတွက် အင်တာနက်နှုန်းထားများကို လျှော့ ချပေးလိုက်ခြင်းဖြစ်ကြောင်း သိရ သည်။''ကျွန်တော်တို့ လက်ရှိပေး အပ်နေတဲ့ အင်တာနက်အစီအစဉ် တွေမှာဆို 1 MB သုံးစွဲခဟာ တော် တော်နည်းပါတယ်

Monday, August 11, 2014

ကျန်းမာရေးဝန်ကြီးဌာန အီဘိုလာဗိုင်းရပ်စ်ရောဂါ သတိပေးနှိုးဆော်ချက်


အီဘိုလာဗိုင်းရပ်စပ် ရောဂါသည် ကူးစက်မြန် ရောဂါ တစ်မျိုးဖြစ်ပြီး ကုသရန်ခက်ခဲသည့် အပြင် ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်ရန် အလွန်ခက်ခဲသော ရောဂါ ဖြစ်သည်။
ယခုအခါ အာဖရိက အနောက်ပိုင်းဒေသရှိ Guinea, Liberia, Nigeria& Sierra Leone နိုင်ငံတို့တွင် ရောဂါကူးစက် ဖြစ်ပွားနေပြီး ၂၀၁၄ ခုနှစ် မတ်လမှ ၁-၈-၂၀၁၄ ရက်အထိ အီဘိုလာ ဗိုင်းရပ်စ် ရောဂါဖြစ်ပွားသူ ၁၆၀၃ ဦးနှင့် သေဆုံးသူ ၈၈၇ ဦးတို့ရှိခဲ့ပါသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်နိုင်သောနည်းများ
-အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ရောဂါပိုးရှိသောလူ (သို့မဟုတ်) တိရစ္ဆာန် တံတွေး၊ သွေး၊ ခန္ဒာကိုယ်မှ ထွက်သောအရည်တို့နှင့် တိုက်ရိုက်ကိုင်တွယ်ထိတွေ့ခြင်း
- အဆိုပါ သွေးနှင့် ခန္ဓာကိုယ်မှ အရည်များ ထိတွေ့ထားသော အရာဝတ္တုများနှင့် ထိတွေ့ ကိုင်တွယ်ခြင်းတို့မှ ကူးစက်နိုင်သည်။
ဆားစ်၊ လူတုပ်ကွေးရောဂါ၊ H7 N9 ကြက်ငှက်တုပ်ကွေးရောဂါ၊ မားစ်ပြင်းထန်အဆုပ်ရောဂါ (MERS CoV) တို့ကဲ့သို့ လေထဲမှတစ်ဆင့် ကုးစက်နိုင်သောရောဂါမဟုတ်ပါ။
-အိုဘီလာရောဂါသည် လေ၊ ရေအစားအစာတို့မှတစ်ဆင့် မကူးစက်နိုင်ပါ။
-ယခုအချိန်ထိအီဘိုလာဗိုင်းရပ်စပ်ရောဂါကိုကာကွယ်ကုသရန် ဆေးမရှိသေးပါ။ ရောဂါမဖြစ်ပွားရန် ကာကွယ်ရန် အရေးကြီးပါသည်။
-ရောဂါပိုးရှိသောလူနာနှင့်တိရစ္ဆာန်တို့၏ တံတွေး၊ သွေးစသော ခန္ဓာကိုယ် အရည်များအား ကိုင်တွယ်ထိတွေ့သူများတွင် အဓိကရောဂါကူးစက်နိုင်ခြေရှိသဖြင့် ကာကွယ်သည့် နည်းလမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန်လိုပါသည်။

Tuesday, March 18, 2014

မလေးရှား လေယာဉ် MH370 ကို ရှာဖွေနေမှုအား အမေရိကန်စစ်သင်္ဘော ပြန်ရုပ်သိမ်း

ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၂၃၉)ဦး လိုက်ပါသွားသည့် လေယာဉ်သည် တစ်ပတ်ကျော် ကြာလာသည်အထိ သတင်းအစအနရှာမရဘဲ ပျောက်ကွယ်နေရာ နိုင်ငံပေါင်း(၂၆)နိုင်ငံက ဖြစ်နိုင်ခြေရှိသော နေရာများတွင် ဖြန့်ကျက် ရှာဖွေနေသည်
ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းခရီးစဉ်အမှတ် MH370ကို လိုက်လံရှာဖွေနေသော တိုက်ရေယာဉ်ကို ပြန်လည် ခေါ်ယူလိုက်ပြီဟု အမေရိကန်နိုင်ငံ၊ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့သည်။ ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၂၃၉)ဦး လိုက်ပါသွားသည့် လေယာဉ်သည် တစ်ပတ်ကျော် ကြာလာသည်အထိ သတင်းအစအန ရှာမရဘဲ ပျောက်ကွယ်နေရာ နိုင်ငံပေါင်း (၂၆)နိုင်ငံက ဖြစ်နိုင်ခြေရှိသော နေရာများတွင် ဖြန့်ကျက် ရှာဖွေနေသည်။ အမေရိကန် ရေတပ်မှ USS Kidd ဖျက်သင်္ဘောသည်လည်း အဆိုပါ ရှာဖွေရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့သော်လည်း

Saturday, March 15, 2014

မလေးရှား ပျောက်ဆုံးနေတဲ့ လေယာဉ် MH370 ဟာ ပြန်ပေးဆွဲခံရကြောင်း

မလေးရှား ပျောက်ဆုံးနေတဲ့ လေယာဉ် MH370 ဟာ ပြန်ပေးဆွဲခံရတာသေချာကြောင်း အတည်ပြု ခဲ့ပါပြီး ၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲ လုပ်နေတာကို ဒီမှာ တိုက်ရိုက်ကြည့်နိုင်ပါတယ်.

ပျောက်ဆုံးဆဲ မလေးရှား လေယာဉ် MH370 သတင်းမှား မှန်မည်လော မှားမည်လာ

ပျောက်ဆုံးဆဲ မလေးရှား လေယာဉ် MH370 သတင်းက နေရာတိုင်းမှာ ပျံနှံ့ နေပါပြီး ဘယ်ဟာ အမှန် ဘယ်ဟာ အမှားဆိုတာ ဝေခွဲ ရ ခက်နေပါပြီး . . . .

နိုင်ငံခြင်း ဆိုဒ်တစ်ခုမှ အတတ်နိုင်ဆုံး ဘာသာပြန်ထားခြင်းပါ

CNN ပီကင်းစံတော်ချိန် မတ်လ ၁၃ ရက်နေ့  ၁၀နာရီ၄၈မိနစ်မှာ မလေးရှားလေယဉ်ပျောက်ဆုံးမှူနှင့် ပတ်သက်ပြီးသတင်းတစ်ခု ဖွင့် ဟခဲ့ ပါတယ်…
အမေရိကန် CIA ပါဝင်လာပြီးစုံစမ်းစစ်ဆေးချက်အရ MH-370 ဘိုရင်း 777 ဟာ ၂၀၁၄ မတ် လ ၈ရက်နေ့  ၂ နာရီ ၂၁ မိနစ် မှာ ပီနန်မြို့ အနောက်မြောက်ဖက် မာလက္ကာပင်လယ် နားမှာမလေးရှားလေတပ် ကပစ်ချလိုက်တာပါ တဲ့  နောက်ဆုံးပစ်မိန့် ပေးခဲ့ သူ က မလေးရှားတော်ဝင်လေတပ်မှ commander Madezhali – Daud ဖြစ်ပါတယ် .
CNN ဂျာနယ် လစ်ဖက်မှာတော့ဒီကိစ္စနဲ့ ပတ်သက်ပြီးခိုင်လုံတဲ့ အထောက်ထားမရှိပေမဲ့  စုံစမ်းထောက်လမ်းပြီးတင်ပြပေးသွာမယ်လို့ ဆိုပါတယ်.
CNN အထူးသတင်းထောက် ONEJOYO ရဲ့ ကွာလာလမ်ပူမှပေးပို့ လာတဲ့ သတင်းအရ မလေး ရှား
MH 370 နှင့်ပတ်သက်ပြီးသတင်းရထားပြီး ဖြစ်ကြောင်းနှင့်  AirAsia CEO ရဲ့ Twitter မှ လေယဉ်ဟာမာလက္ကာရေလက်ကြား အနီးတစ်ဝိုက်ရှိလေယာဉ် ကွင်းငယ် တစ်ခုတွင် ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ သည်ဟုရေးသားခဲ့ ပြီး
မကြာမီတွင် ထို ရေးသားချက်ကို ပြန်ဖျက်ခဲ့ ပါတယ်  ပီနန်မြို့ အနီးမှာလေယာဉ်ကွင်းငယ်လေးတစ်ခုရှိပါတယ် မလေးရှားစစ်ဘက် ရေဒါမှ နောက်ဆုံထောက်လမ်းနိုင်ခဲ့ တဲ့  Radar (A) ပွိုင့်  ကလဲ ပီနန်မြို့ နဲ့ တော်တော်နီးပါတယ် ပျောက်ဆုံးနေတဲ့  MH 370 captain pilot Zaharie Ahmad Shah (၅၃)နှစ် ကလည်းပီနန်သားဖြစ်ပါတယ်.Mh 370 ဟာပျံသန်းနေရင်း

မလေးရှား ပျောက်ဆုံးလေယာဉ် MH370 ကို မြန်မာနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံကြား ရှိ Andaman Islands တွင်တွေ့ရှိ

လူ ၂၃၉ ဦးနဲ့အတူ ၆ ရက်ကြာ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ် အမှတ် MH370 ရဲ့ ရေဒါလှိုင်းဟာ ကပ္ပလီပင်လယ်ထဲက Andaman Islands (အက်ဒမန်ကျွန်း) ကနေ ထွက်ပေါ်နေတယ်လို့ ၇ိုက်တာ သတင်းအရ သိရကြောင်း SkyNews

Friday, March 14, 2014

မလေးရှားလေယာဉ် MH370 ရှာဖွေရာ၌ အဓိက အချက်အလက်များ ရှုတ်ထွေးမှု ဖြစ်ပေါ်နေ


ပျောက်ဆုံးနေသော မလေးရှားလေကြောင်းခရီးစဉ် အမှတ် MH370 လေယာဉ်ရှာဖွေမှုများ လုပ်ဆောင်နေခဲ့သည်မှာ ဆဌမမြောက်နေ့သို့ ရောက်ရှိလာပြီ။ လေယာဉ်ကို ရှာဖွေရာ၌ ရှုတ်ထွေးမှုများ ဖြစ်ပေါ်နေသည့် အဓိကအချက်များကို ဖော်ပြလိုက်ပါသည်။လမ်းကြောင်းသွေဖီခဲ့ပါသလား
မလေးရှား လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရော့ဇလီဒေါက်က လေယာဉ်သည် ကွာလာလမ်ပူမှ ပေကျင်းသို့ ထွက်ခွာပြီးနောက်

ပျောက်ဆုံး နေတဲ့ မလေးရှားလေယာဉ် MH370 ကို အိန္ဒိယ သမုဒ္ဒရာထဲတွင် ရှာဖွေမည်ဖြစ်ကြောင်း


နောက်ဆုံး ရရှိတဲ့ အချက်အလက်အသစ်တွေကို အခြေခံပြီး ပျောက်ဆုံးနေဆဲ မလေးရှား လေယာဉ်MH370  ကိုအိန္ဒိယသမုဒ္ဒရာထဲမှာ ရှာဖွေမယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က မတ်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။နောက်ဆုံး ရထားတဲ့ သတင်းအချက်အလက်တွေဟာ နောက်ဆုံး ကောက်ချက်ချနိုင်တဲ့ အချက်အလက်တွေ မဟုတ်သေးပေမယ့် လေယာဉ်ရှာဖွေနေတဲ့ နယ်ပယ်ကို အိန္ဒိယသမုဒ္ဒရာ ဘက်အထိ ချဲ့ထွင်နိုင်စရာ ရှိတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ဂျေကာနေးက ပြောပါတယ်။ဒီကိစ္စကို လက်တွေ့ အကောင်အထည်ဖော်ဖို့ သင့်တော်တဲ့ ရှာဖွေရေး လုပ်ငန်းတွေကို ပြုလုပ်ဖို့ နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိနှိုင်း နေတယ်လို့ ပြောပါတယ်။ မတ်လ ၈ ရက်နေ့က လူဦးရေ ၂၃၉ ယောက် လိုက်ပါသွားခဲ့တဲ့ မလေးရှား အဲလိုင်း MH370 ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ

မလေးရှားလေယာဉ် MH370 ဟာ ၌ ၄ နာရီကြာ ဆက်ပျံ ခဲ့ ဖွယ်ရှိကြောင်း

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH370 ဟာ ရေဒါစက်ကွင်း ကနေပျောက်ကွယ်သွားခဲ့ပြီးတဲ့နောက်မှာ လေးနာရီ လောက်ကြာအောင် ဆက်ပြီး ပျံသန်းနေနိုင် ခဲ့တယ်လို့ လေယာဉ်ပျောက် ရှာဖွေရေးမှာ ပါဝင်တဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဂျက်လေယာဉ်ဟာ အချက်ပေးသံတွေ ပို့လွှတ်ခဲ့တာ တွေ့ရပြီး ဒါဟာ ကောင်းကင်ဂြိုလ်တုနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့တဲ့ လက္ခဏာလို့လဲ ပြောပါတယ်။ဒါ့အပြင် လေယာဉ်ပျံဟာ

ပျောက်ဆုံးလေယာဉ် MH370 ကို ဆက်ရှာမည်ဟု တရုတ် က ပြော

ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေဖို့ တရုတ်နိုင်ငံက လုံးဝဇွဲမလျော့ဘူးလို့ တရုတ်ဝန်ကြီးချုပ် လီခေချန်က ဒီနေ့ ပြောဆိုခဲ့ပါတယ်။မလေးရှားလေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် MH370 ဟာ မတ် ၈ ရက်နေ့ကတည်းက ပျောက်ဆုံးနေတာဖြစ်ပြီး ခရီးသည် စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့ကြပါတယ်။ ခရီးသည်တွေရဲ့ ၁၅၃ ဦးဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။“ခရီးသည်တွေရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေဟာ သူတို့အတွက် အရမ်းကို ပူပန်သောက ရောက်နေကြပါတယ်။ တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေဟာလည်း သူတို့တွေ ဘေးကင်းလုံခြုံရေးအတွက် အလွန်စိုးရိမ်နေကြတာပါပဲ။ ကျနော်တို့ အာလုံးဟာ သူတို့အတွက် ဘယ်လိုသတင်းအစအနလေးပဲ ရရ စောင့်မျှော်နေကြပါတယ်” လို့ ၀န်ကြီးချုပ်က

Thursday, March 13, 2014

ပျောက်ဆုံးနေတဲ့ လေယာဉ် MH370 ရဲ့ နောက်ကွယ်

မလေးရှား အာဏာပိုင်တွေ အနေနဲ့ ပျောက်ဆုံးနေတဲ့ လေယာဉ် MH370 နဲ့ ပါတ်သက်တဲ့ အမှန်တရားတွေကို ဖုံးကွယ်ထား တယ်လို့ အားလုံးက ယုံကြည်နေကြပါပြီ။
လေယာဉ်ဟာ စထွက်ပြီး မကြာခင်မှာပဲ နောက်ပြန်ကွေ့ခဲ့ကာ ထိုင်း နဲ့ မလေးရှား နယ်စပ်တစ်လျှောက် အနိမ့်ပျံ သန်းခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေ ထွက်ပေါ်လာခဲ့တယ်

MH370 ထူးဆန်းစွာပျောက်ဆုံးမှုမှာ မလေးရှားအစိုးရ ပါဝင်ပတ်သတ်နေခဲ့ပြီလား

လေးရက်ကျော်ပြီး ငါးရက်နီးပါးရှာဖွေနေကြသည့်တိုင် ဘယ်လို အဖြေမှ ရေရေရာရာ မတွေ့ရသေးတဲ့အတွက် အတွေးတွေအားလုံးကို ထပ်မံချဲ့ထွင်ဖို့လိုအပ်နေပြန်ပါပြီ ။
ပထမဆုံး Yahoo News မှာတင်ထားတဲ့ MH370 detected above Malacca Straits at 2.40am ဆိုတဲ့သတင်းကိုအကြမ်းဖျဉ်းတင်ဆက်ပေးချင်ပါတယ် ။
ရှာဖွေမှုကို Sumatran ရေပြင် ၊ Malacca Straits မြောက်ဖက်ပိုင်းမှာ ရှာဖွေအပြီးမှာ Pulau Perak အနီးဝန်းကျင်မှာ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရေဒါမှာဖမ်းမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ။
Air Force Chief Rodzali Daud ပြောကြားချက်အရ သူ့အခြေစိုက်စခန်း Butterworth က ဌာနမှာ MH370 ဟာ Kota Bahru ကိုကျော်ဖြတ်ပြီးနောက် အနောက်ဖက်ကို ကွေ့သွားတာဖြစ်တယ်လို့ဆိုပါတယ် ။ ဒါ့အပြင် East coast နဲ့ Kedah မှာလည်း အနည်းငယ်ပျံသန်းခဲ့တယ်လို့လည်းဆိုပါတယ် ။

သမ္မတအရည်အချင်း ကန့်သတ်ချက် ဖယ်ရှားရေး သမ္မတထံတင်ပြဖို့ သံဃာတော်တွေကြိုးပမ်း


လူထုအများက တောင်းဆိုနေကြတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ)၊ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ပယ်ဖျက်ပေးဖို့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး တွဲဘက်အတွင်းရေးမှူး ဆရာတော် ဦးသူရိယက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဆရာတော်ကြီးထံ လျှောက်ထားလိုက်ပါတယ်။

မတ်လ ၉ ရက်နေ့ ရက်စွဲနဲ့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရဲ့ ဥက္ကဌ နိုင်ငံတော် သြ၀ါဒ စရိယ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒန္တ တိလောကာဘိဝံသထံ ဆရာတော်ဦးသူရိယက အစိုးရထံ တိုက်တွန်းပေးဖို့ လျှောက်ထားတာဖြစ်ပါတယ်။

ဆရာတော် ဦးသူရိယရဲ့ လျှောက်ထားချက်ထဲမှာ

မလေးရှားလေယာဉ် ထူးဆန်းစွာ ပျောက်ဆုံးနေမှု နောက်ကွယ်၌ တရုတ်အကြမ်းဖက် အုပ်စုတစ်ခု ရှိနေဟု သတင်းထွက်




ကွာလာလမ်ပူ၊ မတ် ၁၁

မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၇၇ (လေကြောင်းခရီးစဉ် MH 370 ထူးဆန်း အံ့သြဖွယ်ကောင်းစွာ ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ ‘တရုတ် အာဇာနည်တပ်မဟာ’ ဟု အမည်ရသည့် အုပ်စုတစ်ခုက ၎င်းတို့၏ လက်ချက် ဖြစ်သည်ဟု အသိပေး ထုတ်ဖော် ပြောဆိုလာကြောင်း ယင်းအဖွဲ့က ပေးပို့သည့် အီးမေးလ်များကို အခြေခံကာ Mirror သတင်းစာက ရေးသားဖော်ပြသည်။
ယခင်က တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့သော အဆိုပါ တရုတ်အာဇာနည် တပ်မဟာဟုဆိုသော အဖွဲ့က တရုတ်သတင်းစာ ဆရာများထံသို့ အီးမေးလ်များ ပေးပို့ခဲ့ပြီး ယင်းအီးမေးလ်များထဲတွင် “ကျွန်ုပ်တို့ရဲ့ မျိုးနွယ်စု တစ်ယောက်ကို သင်တို့သတ်လျှင် ကလဲ့စားချေ တုံ့ပြန်သည့်အနေနှင့် သင်တို့ မျိုးနွယ်စု အယောက် ၁၀၀ ကို ကျွန်ုပ်တို့ ပြန်သတ်မည်” ဟု ဖော်ပြပါရှိသည်။အကြမ်းဖက်အုပ်စုဟု ယူဆရသော ယင်းအဖွဲ့က မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် ပျောက်ဆုံးနေရမှု၏ နောက်ကွယ်၌ ၎င်းတို့ရှိကြောင်း ထုတ်ဖော် ပြောဆိုသော်လည်း ယင်းလေယာဉ် မည်သို့မည်ပုံ ဖြစ်သွားသည်ဟူသော အချက်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။အဆိုပါ အီးမေးလ်များနှင့် ပတ်သက်၍ မလေးရှား အရာရှိကြီးများက လိမ်လည် လှည့်ဖျားမှုတစ်ရပ်သာ ဖြစ်လိမ့်မည်ဟု ယုံ ကြည်လျက် ရှိသည်။

“သူတို့ရဲ့ ထုတ်ဖော်ပြောဆိုမှုနဲ့ ပတ်သက်ပြီး