Sunday, August 31, 2014

Ooredoo မှ Internet အသုံးပြုခ 1 MB လျှင် 10 ကျပ်နှုန်းအထိလျှော့ချ




 ရန်ကုန် သြဂုတ် ၃ဝ

အော်ရီဒူး မြန်မာမှ အင်တာနက် အသုံးပြုခနှုန်းထားများကို 1 MB လျှင် ၂၅ ကျပ်နှုန်းမှ ၁ဝ ကျပ် နှုန်းသို့ လျှော့ချ လိုက်ကြောင်း ယနေ့ Sule-Shangri-La Hotel ၌ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲမှသိရသည်။
ယခုလ ၃၁ရက် နံနက် ၆ နာရီမှစတင်၍ အော်ရီဒူးဖုန်း၏ အင်တာနက်ကို Pay As You Go သုံးသလောက်ပေးဆောင်ရသည့် စနစ်ဖြင့်သုံးစွဲသူများအတွက်ယခင် နှုန်းထားဖြစ်သည့်  1 MB ၂၅ ကျပ် အစား 1 MB လျှင် ၁ဝ ကျပ်နှုန်း သာ ပေးဆောင်ရတော့မည်ဖြစ် ကြောင်းသိရသည်။ Smart Phone များအသုံးပြု၍ အင်တာနက်ကို အချက်အလက် များများ၊ အချိန်ကြာကြာသုံးလိုသူ များနှင့် သူငယ်ချင်းများထံသို့ စာတိုများ မကြာခဏပို့လိုသူ အော်ရီဒူး သုံးစွဲသူများအတွက် အင်တာနက်နှုန်းထားများကို လျှော့ ချပေးလိုက်ခြင်းဖြစ်ကြောင်း သိရ သည်။''ကျွန်တော်တို့ လက်ရှိပေး အပ်နေတဲ့ အင်တာနက်အစီအစဉ် တွေမှာဆို 1 MB သုံးစွဲခဟာ တော် တော်နည်းပါတယ်

ဒါပေမယ့် အော်ရီဒူးသုံးစွဲသူအချို့ကတော့ ဒါကိုမသုံးဖြစ်ကြသေးပါဘူး  အခု လိုနှုန်းထားပြင်ဆင်ပေးလိုက်တော့ သုံးစွဲသူတွေအားလုံး ထိုက်ထိုက် တန်တန် အင်တာနက်သုံးစွဲနိုင် တော့မှာပါပိုပြီးတော့လဲလွယ်ကူ ကောင်းမွန်လာမှာဖြစ်ပါတယ်''ဟု အော်ရီဒူး၏ မြန်မာပြည် အရောင်းညွှန်ကြားရေးမှူး ဦးမြင့် ဇော်ကပြောသည်အော်ရီဒူး  တရားဝင်စတင်  ရောင်းချချိန်တွင်ကွန်ရက်လွှမ်းခြုံ သည့် ဒေသများ၌ သုံးစွဲသူဖြစ်နိုင် သည့် လူဦးရေ ၇ ဒသမ ၈ သန်းခန့် သာရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ပတ်အတွင်း ကိုး သန်းခန့်အထိ တိုးမြင့်လာခဲ့သည် ရန်ကုန်မြို့တွင် တာဝါတိုင် ၂ဝ ထပ်မံတိုးချဲ့ခဲ့ပြီး သရက်၊ သာယာဝတီ၊ တောင်ငူနှင့် ပြင်ဦးလွင်မြို့များကိုလည်း ကွန် ရက်လွှမ်းခြုံနိုင်ခဲ့ကြောင်း သိရ သည်။''ရန်ကုန်မြို့လယ်ကောင်တချို့ နေရာတွေမှာ သုံးစွဲမှုများပြားလွန်း လို့ လိုင်းကျပ်တာတွေ၊ လိုင်းကျ တာတွေဖြစ်ပေါ်နေတာရှိပါတယ်။ ဒီကိစ္စတွေကိုပြောင်းဖို့ နည်းပညာ ရော ပညာရှင်တွေပါအချိန်ပြည့် လုပ်ဆောင်နေကြပါတယ်။ လက်ရှိ အော်ရီဒူးသုံးစွဲနေသူတွေအတွက် ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက်ဖို့ရော လိုင်းဆွဲအား ကောင်းမှုပါသိသိသာသာတိုးတက် ကောင်းမွန်လာအောင် သေချာ ဆောင်ရွက်နေပါတယ်''ဟု
 အော်ရီ ဒူးမြန်မာ၏ CEO Mr.Ross Cormack ကပြောသည်။အော်ရီဒူးမှ ဆင်းမ်ကတ်များ ကို ယခုလ ၁၅ ရက်တွင် စတင် မိတ်ဆက်ချိန်မှစ၍ ဆင်းမ်ကတ် ပေါင်းတစ်သန်းကျော် ရောင်းချပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်.



No comments:

Post a Comment