Friday, August 22, 2014

Microsoft to unveil Windows 9 on September 30th

Microsoft ၏ နာမည်ကျော် operating system ဖြစ်သော Windows ဗားရှင်းသစ်ကို စက်တင်ဘာလ ကုန်ပိုင်းတွင် မိတ်ဆက်ပြသရန် စီစဉ်ထားကြောင်း The Verge မှ ဖော်ပြခဲ့သည်။အဆိုပါ သတင်းဌာန၏ ဖော်ပြချက်အရ Microsoft သည် စက်တင်ဘာလ ၃၀ ရက်တွင် Windows 9 ကို မိတ်ဆက်ပြသရန် အတွက် အထူးသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း၊ သို့သော်လည်း အဆိုပါ နေ့စွဲမှာ မသေချာသေးကြောင်း သိရသည်။  ထို့အပြင် Windows ဗားရှင်းသစ်၏ အမည်ကို Windows 9 ဟု ခေါ်ဆိုခြင်း ရှိ၊ မရှိ အသေအချာ မသိရသေးကြောင်း၊ လက်ရှိတွင် ၎င်း operating system ၏ code အမည်ကို Windows Threshold ဟုခေါ်ဆိုထားကြောင်း The Verge မှ ဖော်ပြခဲ့သည်။ပြီးခဲ့သည့် ရက်သတ္တပတ်က CNET ၏ အဖွဲ့ဝင်ဆိုက်ဖြစ်သော ZDNet ဆိုက်က Microsoft ၏ Threshold အတွက် technology preview တစ်ခုကို ပြသရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် သုံးစွဲသူများသည် အဆိုပါ operating system ကို စမ်းသပ် သုံးစွဲနိုင်ဖွယ်ရှိကြောင်း၊ သို့သော်လည်း software update များကို လစဉ် download ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းတင်ဆက်သူ မေရီ ဂျိုဖိုလေက ရေးသား ဖော်ပြခဲ့သည်။The Verge ၏ ရင်းမြစ်များ အဆိုအရ စက်တင်ဘာလ ၃၀ ရက်တွင် Microsoft သည် အဆင့်မြှင့်တင်မှုများနှင့် feature သစ်များကို မိတ်ဆက်ပြသဖွယ်ရှိကြောင်းနှင့် operating system ၏ beta preview ကို ၎င်းပွဲ နောက်ပိုင်းမှသာ ဖြန့်ချိဖွယ်ရှိကြောင်း သိရသည်
Microsoft is planning to unveil its Windows 9 successor next month at a special press event. Sources familiar with Microsoft’s plans tell The Verge that the software maker is tentatively planning its press event for September 30th to detail upcoming changes to Windows as part of a release codenamed "Threshold".
Microsoft has already stated that the next version of Windows will bring back a version of the Start menu for the desktop UI that went missing with the launch of Windows 8. It will also have the ability to run Modern apps in windows on the desktop. Rumors about Threshold claim that Microsoft may do away with the Charms bar in Windows 8.


No comments:

Post a Comment