Showing posts with label Battery Bar. Show all posts
Showing posts with label Battery Bar. Show all posts

Wednesday, March 5, 2014

Battery Bar 3.6.3 Final | 14 MB


Laptop computer Battery တွေဟာ များသောအားဖြင့် ၃ နှစ်မှ ၅ နှစ် အထိ သို့မဟုတ် အားသွင်းမှု အကြိမ် ၁၀၀၀ လောက် ခံနိုင်ပါတယ် ။ အထူး ပြုလုပ်ထားတဲ့ ဘက္ထရီတွေကတော့ ဒီ ထက် တော့ နဲနဲ ပိုပြီးတော့ ကြာရှည်ခံနိုင်ပါတယ်။ အားသွင်းတဲ့ အကြိမ်ရေများလာတာနဲ့အမျှ ဘက္ထရီရဲ့ ဓါတ်အား သိုလှောင်နိုင်စွမ်း (capacity) ဟာ လျှော့ကျလာတတ်ပါတယ်။အားအပြည့် သွင်းထားတဲ့အသစ်စက်စက် Laptop Computer တစ်လုံးရဲ့  Battery ဟာ သုံးနာရီခွဲလောက် အသုံးခံနိုင်တယ်ဆိုရင်တောင် တစ်နှစ်လောက်အကြာ သုံးပြီးတဲ့အခါ သုံးနာရီလောက်တောင် အသုံးမခံနိုင်တော့ပါဘူး..အဲဒီလိုဖြစ်လာပြီဆိုရင် သင့်ရဲ့ ဘက္ထရီအား ဘယ်လောက်ကုန်သွားပြီ ဘယ်လောက်ကျန်သေးဆိုတာကို သိဘို့လိုအပ်ပါပြီ..တိုင်းတာဖို့ Battery Bar လေး ကို အသုံးပြုသင့်ပါတယ်။