Photos edition ဆိုတာနဲ့ လူတိုင်းက Photo Shop ကို ပြေးမြင်ကြပါတယ် တကယ်တော့ Photo Shop ဟာ အခကြေးငွေပေးပြီး သုံးစွဲရတဲ့ Program တစ်ခု ဖြစ်ပါတယ်ဗျာ စွမ်းဆောင်မှု အမြင့်မားဆုံး ဆိုတာကိုတော့ မပြောလိုတော့ပါဘူး စွမ်းဆောင်ရည် မြင့်မားတာနဲ့ အမျှ Systemထဲမှာ နေရာယူတာလည်း များလာပါတယ်ဗျာ photo shop ကို သုံးဖို့အတွက် memory များများစားစားလည်း လိုအပ်ပါသေးတယ် ကိုယ့် System ကလည်း Photo Shop က တောင်းဆိုတဲ့ သတ်မှတ်ချက် မပြည့်မှီဘူးဆိုရင် သုံးလို့ မရ ပြန်ပါဘူးဗျာ ဒီ Pixia လို့ ခေါ် တဲ့ Program လေးကတော့ Japan နိုင်ငံ ထုတ် Program တစ်ခု ဖြစ် ပြီး Photos Edition လုပ်တဲ့နေရာ မှာ တော့ photo shop ကဲ့သို့ နာမည် ကြီး Program တစ်ခုပါဗျာ. photo shop က လုပ်ဆောင်နိုင်တဲ့ အရာ တော်တော်များများ ကို လုပ်ဆောင်ပေးနိုင်တဲ့ ပြီး layer တွေ ထပ်ခြင်း ပေါင်းစပ်ခြင်းများ ကိုလည်း လုပ်ဆောင်ပေးနိုင်တယ် Brush Tool ဒီဇိုင်းတွေ အစုံ နဲ့ ကာတွန်းပုံ ပန်ချီး ပုံလေးတွေကို ဖန်တီးယူလို့ ရသလို ၎င်း Brush Tool တွေနဲ့ 3D ဒီဇိုင်းဆန်ဆန် စာလုံးများကိုလည်း ရေးယူလို့ ရ နိုင်ပါသေးတယ်ဗျာ ဒီ Program လေးရဲ့ Features တွေ အစုံသုံးတတ်ဖို့ကိုတော့ မိမိတို့ ကိုယ်တိုင် လေ့လာ မှ သိနိုင်မှာပါဗျာ.
