Showing posts with label USB Safely Remove. Show all posts
Showing posts with label USB Safely Remove. Show all posts

Tuesday, August 19, 2014

USB Safely Remove v5.2.4.1215 + Keygen | 6 MB

ဒီ Program လေး ဟာ သေးငယ်အလောက် အလွန်အသုံးဝင်တဲ့ Programလေးပါဗျာ. မိတ်ဆွေ တို့ Computer/PC နဲ့ ဆက်စပ်အသုံးပြုနေတဲ့ Memory Stick , External Hard Disk , Card Readers USB စတာ တွေကို မိမိတို့  Computer မှ ပြန်လည် ဖယ်ရှားတဲ့ နေရာမှာ လုံခြုံစိတ်ချရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်ဗျာ. တချို့တွေ က ကတီးကတတ် မေးတတ်ကြပါတယ်. USB ဖြုတ်တာပဲဟာ ဒီ အတိုင်းဆွဲဖြုတ်လည်း ရတာပဲ ဘာခက်တာမှတ် လို့လည်းတဲ့ :) ဟုတ်ပါတယ် သူတို့ပြောသလို ဒီ အတိုင်း ဆွဲဖြုတ်လည်း ဖြုတ်လို့ ရပါတယ်. တကယ်လို့  မိတ်ဆွေ ဟာ Data တွေကို USB Device ပေါ်မှာ ရေးနေတုံး ဖြုတ်လိုက်မယ်ဆိုရင် တစ်ခါတစ်ရံ မှာ Data ပျက်စီးမှု အန္တရာယ်ရှိနိုင်ပါတယ် (ဥပမာ- သင်ဟာ File တွေကို USB Device တွေမှာ ပြောင်းနေတာပဲ ဖြစ်ဖြစ်၊ File တွေကို USB Device မှာ Save လုပ်နေတာပဲဖြစ်ဖြစ် အဲ့ဒီ့လိုလုပ်နေတဲ့ အချိန်မှာ USB Device ကိုဆွဲဖြုတ်လိုက်မယ်ဆိုရင် သင့် USB Stick မှာရှိတဲ့ Data တွေပျက်နိုင်ပါတယ်) Quick Removal နဲ့ Better Performance ဆိုတဲ့ Option ထဲဘယ်ဟာကိုပဲ သုံးနေသုံးနေ USB ကိုမဖြုတ်ခင် သင့်ရဲ့ USB Device မှာ Data တွေရေးနေလား၊ File တွေပြောင်းနေလဲ ဆိုတာ အရင်သေချာ စစ်ဆေးပြီးမှာ USB Device ကိုဖြုတ်သင့်ပါတယ်။တစ်ချို့ USB Stick တွေမှာဆိုရင် မီးလေးတွေပါ ပါတယ်။သူတို့က USB Sick အလုပ်လုပ်နေတယ်ဆိုရင် အဲ့ဒီမီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတတ်ပါတယ် ဒါပေမယ်လည်း ဘာမှ သုံးနေတယ်လို့ မပြရင်တောင်မှာ သင့်ရဲ့ USB Device သုံးကောင်းသုံးနေနိုင်ပါတယ် (ဥပမာ- Program တစ်ခုပေါ့ သူက နောက်ကွယ်ကနေ သင့်ရဲ့ USB Device ပေါ်မှာ Data တွေရေးနေမယ်ဆိုရင် Data ပျက်စီးမှု အန္တရာယ်ရှိနိုင်ပါတယ်) တကယ်လို့နောက်ကွယ်က နေ Data တွေရေးမနေဘူးဆိုရင် သင်ရဲ့ USB Device ကိုလုံခြုံစိတ်ချစွာ ဖြုတ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် USB Device တွေကိုဖြုတ်တဲ့ အခါတိုင်း Safely Remove Hardware notification icon ကိုသုံးပြီး သင့်ရဲ့ USB Device ကို လုံခြုံစွာ ဖြုတ်သင့်ပါတယ် Safely Remove Hardware notification icon ကိုသုံးပြီး ဖြုတ်တဲ့ အခါတိုင်း Windows က သင့်ကို လုံခြုံစွာဖြုတ်လို့ ရပြီလား မရသေးဘူးလားဆိုတာကို ပြောပေးပါတယ်ဗျာ.