Showing posts with label Microsoft NET Framework. Show all posts
Showing posts with label Microsoft NET Framework. Show all posts

Tuesday, August 12, 2014

Microsoft NET Framework 4.5.3 / Microsoft NET Framework 4.5.2 Offline Installer

Net Framework ဆိုတာ Windows Program တွေ လည်ပတ်တဲ့နေရာမှာ အရေးပါတဲ့ Program လမ်းတွေရဲ့ ထိန်းကျောင်းလမ်းညွှန်မှုဇုံဖြစ်ပါတယ်ဗျာ Program တွေရဲ့ အနိမ့်အမြင့်ပြောင်းလဲမှုနဲ့ စနစ်ရဲ့ လုံခြုံရေးဆိုင်ရာ Command တွေကြောင့် Windows System တွေထဲမှာ Net framework version အမျိုးမျိုး လိုအပ်လာပါတယ်ဗျာ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်အထိ ဒီပြဿနာရဲ့ အရိုက်အခတ် သိပ်မရှိခဲ့ပေမယ့် ဒီနေ့ခေတ် ထွက်ပေါ်လာတဲ့ Program တွေမှာတော့ Net framework ရဲ့ Version အနိမ့်အမြင့်ဆိုင်ရာ ပြဿနာဟာ တော်တော်လေး သိသာထင်ရှားတဲ့ ကောင်းကျိုးဆိုးကျိုးတွေအဖြစ် ကြုံတွေ့လာရပြီ ဖြစ်ပါတယ်ဗျာ ဒါကြောင့်လည်း ဒီနှစ်ပိုင်းအတွင်းမှာ Update အဖြစ်ဆုံး ဆော့ဝဲတွေကို Install လုပ်တဲ့အခါ Net Framework 4.5 မရှိတဲ့အတွက် Program ဟော Install လုပ်လို့မရတာတွေ Install လုပ်လို့ရပေမယ့် အဆင်ပြေပြေသုံးလို့မရပဲ System ရဲ့မြန်ဆန်သွက်လက်မှုကို ပျက်စီးစေတာတွေ ဗျာ ဒီပို့စ်မှာတော့ အဲဒီလိုပြဿနာမျိုးကြုံလာတဲ့ သူငယ်ချင်းတွေအတွက် အလွယ်တကူ ရှာဖွေနိုင်အောင် Microsoft NET Framework 4.5.3 Beta /Microsoft NET Framework 4.5.2  ကို တင်ပေးထားပါတယ်ဗျာ
ဒီ Framework ကို Install လုပ်မယ်ဆိုရင် မဖြစ်မနေ လိုအပ်တဲ့ စနစ်နဲ့ Hardware တွေကတော့
အောက်မှာ ရေးပေးထားပါတယ်

Processor - 1GHz နဲ့အထက် အမြန်နှုန်းရှိရပါမယ်
RAM ကတော့ 512Mb နဲ့အထက်ဆိုရင် ရပါတယ်
Hard disk ကတော့ 32bit ၀င်းဒိုးမှာဆိုရင် 850Mb နေရာလွတ်လိုအပ်ပြီး 64bit ၀င်းဒိုးအတွက်တော့
2G နဲ့အထက် နေရာလွတ် လိုအပ်ပါတယ်