
ကမ္ဘာ, လ, အင်္ဂါဂြိုဟ် , သောကြာဂြိုဟ် နှင့် တခြား ဂြိုဟ် နှင့် ဂြိုလ်တုများ ရဲ့ မြေပုံတွေ ကို ကြည့်ဖို့ လိုအပ်နေတဲ့ မိတ်ဆွေ တွေ နဲ့ အစိုးရ ၀န်ထမ်း များ အတွက် ဒီ Marble Program လေး က အသုံးဝင်မှာပါ. အသုံးပြု ရတာ မြန်ဆန် ပြီး အတော်အသင့် အလုပ်လုပ်နိုင် တဲ့ Program လေးပါဗျာ.
ဒီ Marble Program လေးကို အသုံးပြုမယ် ဆိုရင်တော့ Marble ရဲ့ မျက်နှာပြင်မှာ ညာဘက်ခြမ်းမှာတော့
လုံလုံလောက်လောက် အခန့်သင့် ရှိတဲ့ ကမ္ဘာလုံးပုံ မြင်တွေ့နိုင်ပြီး တစ်ဖက်မှာတော့ မိတ်ဆွေ တို့ ကြည့်စေချင်တဲ့ နိုင်ငံများ နှင့် မြို့ကြီးများ ကို ရှာဖွေ နိုင်တဲ့ စာရင်း ကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်ဗျာ.