Friday, October 3, 2014

phpMyAdmin v4.2.9.1 All-languages | 8 MB


phpMyAdmin ဟာ WAMP အသုံးပြု နည်း နဲ့ တူတူဖြစ် ပြီး အောက်ပါ database တွေကို support လုပ်ပေးနိုင်ပါတယ်
MySQL 5.0 or
newer MariaDB 5.0 or
 newer Drizzle
မိတ်ဆွေ ဟာ localhost/phpmyadmin လို့ browser မှာရိုက်ထည့်လိုက်လို့ အောက်ပါ ပုံအတိုင်း တတ်လာရင်တော့


မိတ်ဆွေ  MySQL database ရဲ့ Username နဲ့ Password ကို ထည့်လိုက်ပါနော် ထည့်လိုက်လို့ တက်လာမယ် ဆိုရင်တော့ မိတ်ဆွေဟာ phpMyAdmin ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ် တစ်ခါ တစ်ရံမှာ phpMyAdmin ကို WAMP က ပါလာတဲ့အတိုင်း မသုံးပဲ ကိုယ့်ဘာသာ download ဆွဲပြီး install လုပ်ပြီး သုံးမယ်ဆိုရင် authentication problem တွေ ဖြစ်လာနိုင်ပါတယ် အဲ့လိုမျိုး အချိန်မှာ manual setting လေးတွေချိန်ပေးရတာမျိုး ရှိပါတယ် မိတ်ဆွေဟာ WAMP server ကို C:\wamp directory မှာ install လုပ်ထားတာ ဆိုရင် phpMyAdmin ကို C:\wamp\apps အောက်မှာ တွေ့နိုင်ပါတယ် ဥပမာ ကျွန်တော့် laptop မှာ ဆိုရင် ဒီ directory (C:\wamp\apps\phpmyadmin4.0.4) အောက်မှာ phpMyAdmin ရှိပါတယ် phpMyAdmin ထဲမှာပါတဲ့ confic.inc.php ဆိုတဲ့ file ဟာ phpMyAdmin အတွက် configuration file ဖြစ်ပါတယ်  အဲဒီ file ကို ဖွင့်လိုက်မယ် ဆိုရင် အောက်ကပုံ အတိုင်း မြင်ရမှာ ဖြစ်ပါတယ်
.
 phpMyAdmin အဲဒီမှာ $cfg[‘blowfish_secret’] = ‘a8b7c6d’; ဆိုတဲ့ နေရာမှာ မိမိ ကြိုက်တဲ့ key ကို ချိန်းနိုင်ပါတယ်ဗျာ ဥပမာ $cfg[‘blowfish_secret’] = ‘tobequalitygotoqwerty’;  အဲဒီ key ဟာ cookie နဲ့ encrypt လုပ်တဲ့နေရာမှာ key အဖြစ်သုံးဖို့ တောင်းထားတာ ဖြစ်ပါတယ် သူ့ရဲ့ default အတိုင်း ထားရင်လည်း အဆင်ပြေပါတယ်  မိတ်ဆွေ တို့ Browser မှာ Username နဲ့ Password ဖြည့်ပြီး go button လေးကို နှိပ်လိုက်မယ်ဆိုရင် အောက်ကပုံ ရှိတဲ့ page ကို ရောက်ရှိမှာ ဖြစ်ပါတယ် ဗျာ

phpMyAdmin အဲဒါဆိုရင် မိတ်ဆွေ စသုံးလို့ ရပါပြီ သင့် စက်ထဲမှာရှိထဲ့ MySQL database နဲ့ သင့် phpMyAdmin နဲ့ ချိတ်ဆက်မိနေပြီ ဖြစ်ပါတယ်ဗျာ ဘယ်ဘက်အချမ်းမှာ တွေ့နေရတာက databases တွေရဲ့ list ပါ  MySQL ရဲ့ default ပါလာတဲ့ database တွေဖြစ်ပါတယ် အပ်ါနားမှာ တွေ့နေရတာတွေက menu တွေ ဖြစ်ပါတယ် အဲဒီမှာ မိတ်ဆွေ Databases ကို နှိပ်လိုက်မယ်ဆိုရင်တော့  မိတ်ဆွေ ရဲ့ MySQL ထဲမှာ ရှိတဲ့ databases တွေကို လာဖော်ပြပေးမှာ ဖြစ်ပါတယ် SQL ကို နှိပ်လိုက်မယ် ဆိုရင်တော့ SQL command ရိုက်တဲ့နေရာကို ရောက်ရှိမှာ ဖြစ်ပါတယ် အဲဒီမှာ SQL ဆိုတဲ့ text box မှာ SQL command တွေကို ရိုက်ထည့်ပြီး go ဆိုတဲ့ button ကို နှိပ်လိုက်မယ်ဆိုရင် SQL command တွေ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်ဗျာ ဒါပေမယ့် database တစ်ခု ကို click လုပ်ပြီး မရွေးရသေးရင်တော့ သင် SQL commad တွေကို ရိုက်ထည့်ပြီး run လည်း အလုပ်လုပ်မှာ မဟုတ်ပါဘူး Menu တစ်ခုခြင်းစီကို လိုက်ပြောနေရင် ဆောင်းပါးက ရှည်သွားမှာ စိုးလို့ ကျွန်တော် phpMyAdmin ကို အသုံးပြုပြီး နမူနာ အနေနဲ့ database တစ်ခု ဆောက်ပြမယ်  ပြီးရင် အဲ့ဒီ database ထဲမှာ table တစ်ခုထည့်ပြ ပါ့မယ် Database တစ်ခု အသစ်ဆောက်ဖို့ phpMyAdmin ဆိုတဲ့ logo အောက်က အိမ်ပုံလေးနဲ့ Home button လေးကို နှိပ်လိုက်ပါနော်  ပြီးရင် Menu ထဲက Databases ဆိုတဲ့ menu ကို နှိပ်လိုက်ပါ အောက်ကပုံအတိုင်းတွေ့ရပါမယ်

 phpMyAdmin ကျွန်တော်ကတော့ Database name ကို HelloWorld လို့ ပေးလိုက်ပါတယ် ပြီးရင် collection နေရာမှာ Myanmar Font တွေပါ ထည့်လို့ရအောင် utf8_unicode_ci ကို ရွေးထားပါတယ် တစ်ကယ်လို့ collection မှာ မရွေးပဲ default အတိုင်းထားလိုက်မယ်ဆိုရင် Myanmar Font တွေထည့်တဲ့အခါမှာ အဆင်ပြေမှာ မဟုတ်ပါဘူး ပြီးရင် create button ကို နှိပ်လိုက်ပါ။ဘယ်ဘက် အခြမ်းမှာ helloword ဆိုတဲ့ database အသစ်ထွက်နေတာကို တွေ့ရပါမယ် အဲဒါကို click လိုက်ပါ  အောက်ကပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်
 phpMyAdmin Name ဆိုတဲ့ textbox မှာ Table Name ကို ဖြည့်ပြီး Number of columns နေရာမှာ မိတ်ဆွေ ထည့်ချင်တဲ့ colums အရေအတွက်ကို ထည့်လိုက်ပါ ကျွန်တော်ကတော့ Name နေရာမှာ Car လို့ ထည့်လိုက်ပြီး Number of columns နေရာမှာ 3 လို့ ထည့်လိုက်ပါတယ် ပြီးရင် Go button ကို နှိပ်လိုက်ပါတယ်ဗျာ ပြီးရင်အောက်မှာ ပြထားတဲ့ ပုံအတိုင်း textfield တွေကို ဖြည့်လိုက်ပါ။ phpMyAdmin ဒီ TextField တွေကတော့ columns 3 ခု နဲ့ ဆောက်လိုက်တဲ့ Car table အတွက် Column တစ်ခုခြင်း စီမှာ ထည့်ရမယ့် data type , column name တွေကို သတ်မှတ်ဖို့ အတွက် ဖြည့်ရတာ ဖြစ်ပါတယ် အရင်ဆုံး column name ကို ကျွန်တော်က id လို့ပေးလိုက်ပါတယ် ပြီးရင် Type ကို INT လို့ရွေးလိုက်ပါတယ်  ပုံမှာ ပြထားတဲ့ အတိုင်း

 ကျန်တာတွေကို ဆက်လုပ်လိုက်ပါနော် ဘာလို့ ဒီလိုမျိုး ဖြည့်ရတယ်ဆိုတဲ့ အသေးစိတ်ကို မပြောတာလဲ ဆိုတာက database အကြောင်း ရေးတဲ့ post မှာ ရှင်းမှ အဆင်ပြေမှာ မို့လို့ပါ အခုအရင်ဆုံးပုံမှာ ပြထားတဲ့အတိုင်း field တွေကို ဖြည့်ထားနှင့်ပါနော် ပြီးရင် save button ကို နှိပ်လိုက်ပါ အောက်က ပုံ အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်ဗျာ
 phpMyAdmin အဲဒီမှာ car table လေးပေါ်နေပြီ ဖြစ်ပါတယ် ဒါကတော့ phpMyAdmin ကို အသုံးပြုနိုင်တဲ့ အချက်တွေထဲက အချို့ အချက်တွေဖြစ်တဲ့ database ထည့်တာတို့ အဲ့ဒီ့ database ထဲမှာ table ထည့်တာတို့ ဖြစ်ပါတယ်ဗျာ.


Home Page




phpMyAdmin v4.2.9.1 All-languages Final | 8 MB



No comments:

Post a Comment