Saturday, August 9, 2014

LastPass v3.1.50 | 14 MB

Lastpass Program New Version Update လေးပါ. အရင် ဆုံး Lastpass ဆိုတာ ဘာလဲ ဆိုတာ ကို မရင်းနှီး တဲ့ မိတ်ဆွေ တွေ ကို ရှင်းပြချင်ပါတယ်ဗျာ ကျွန်တော်တို့ Internet ပေါ်မှာ Website ပေါင်းမြောက်မြားစွာကို Sign In (Log In) လုပ်ပြီး အသုံးပြုတဲ့ နေရာမှာ Password တစ်လုံးတည်းကို Website တွေအားလုံးကို Sing In လုပ်ဖို့အတွက်
အသုံးပြုခြင်းဟာ သိပ်ပြီး မသင့်တော်ပါဘူးဗျာ ဒါကြောင့် Password ပေါင်းမြောက်မြားစွာကို Website အမျိုးမျိုးအတွက် အသုံးပြုကြပါတယ် ဗျာ ဒါပေမဲ့ ပြသနာက Password ပေါင်းမြောက်မြားစွာကို မှတ်မိဖို့ ခက်ခဲခြင်းပါပဲ  အခုတော့ Lastpass ဆိုတဲ့ Adds-on စနစ်တစ်ခု ပေါ်ပေါက်နေပါပြီ Password  များစွာကို မမှတ်ချင်သူတွေအတွက် အဓိက password တစ်လုံးတည်းဖြင့် ကျန်တဲ့ password တွေကို အလိုအလျောက် အွန်လိုင်းပေါ်မှာ မှတ်ထားပေးမယ့် Lastpass ကို သုံးကြည့်ဖို့ အကြံပေးပါရစေဗျာ


 ဒီ Lastpass က Gmail  ၊ Facebook , WiFi စတဲ့ Sign in လုပ်ပြီးဝင်ရတဲ့ Web တွေ အတွက် password တွေကို Internet ပေါ်မှာ အလိုအလျောက်မှတ်ထားပေးပြီး Sign In လုပ်တဲ့ အချိန်မှာအလိုအလျောက်ဖြည့်ပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်ဗျာ ဒီနည်းဟာ Web Page ပေါင်းမြောက်မြားစွာကို password မြောက်မြားစွာနဲ့ အသုံးပြုသူတွေ အတွက် အထူးသင့်လျော်သလို့ password မေ့မှာစိုးတဲ့ဒုက္ခ ၊ password တွေကို ရိုက်နေရတဲ့ ဒုက္ခတွေကို ကူညီပေးမယ့် လုံခြုံစိတ်ချရတဲ့ စနစ်တစ်ခု ဖြစ်ပါတယ် ဗျာ. ဒါ အပြင် Add Note, Add site , စတဲ့ Feature င်္တေ လည်းပါပါတယ်ဗျာ. ဒီလိုလုပ်ဖို့အတွက် မိတ်ဆွေ တို့ အသုံးပြုနေတဲ့ ရဲ့ Mozilla , Internet Explorer စတဲ့ Search Engine တွေမှာ Lastpass ကို install လုပ်ထားဖို့လိုပါတယ်ဗျာ ပြီးရင်တော့ Lastpass Account တစ်ခု ကို Singup လုပ်လိုက်ပါဗျာ ပြီးရင် အသုံးပြု လို့ ရပါပြီးဗျာ တကယ်လို့ မိတ်ဆွေ တို့ ရဲ့ g mail ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ် အခြား website တစ်ခုကိုပဲဖြစ်ဖြစ် Log in (Sign in) လုပ်လိုက်ပါ Sign In လုပ်ပြီးတဲ့ အခါ Box တစ်ခုတတ်လာပါတယ်

Save Site ကိုရွေးလိုက်ပါ  ဒါဆို သင့်ရဲ့ Log In account နဲ့ password ကို Lastpass မှာ အလိုအလျောက်မှတ်ထားပြီးသား ဖြစ်သွားပါပြီ ။Save Site ဆိုတာက သင်ရဲ့ password ကို Lastpass မှာ မှတ်ထားဖို့အတွက်ဖြစ်ပါတယ် ။ Never For This ကို နှိပ်လိုက်ရင်တော့ password တွေကို မှတ်ထားမှာမဟုတ်သလို ဒီ website ကိုဝင်တဲ့အခါတိုင်း နောက်ဘယ်တော့မှ password ကို မှတ်မလားလို့မေးတော့မှာ မဟုတ်ပါဘူး Not Now ဆိုတာကတော့ နောက်မှ Password ကိုမှတ်ချင်ရင် မှတ်မယ်ဆိုရင် သုံးဖို့အတွက်ပါ ဥပမာ shweeainthulay1986@gmail.com password (?????) ဖြင့် gmail ကို Sign In လုပ်လိုက်တယ်ဆိုပါစို့ ။ အပေါ်က ပုံလေးပေါ်လာပါလိမ့်မယ် Save Site ကိုနှိပ်လိုက်ပိဆိုပါစို့  နောက် တစ်ခါ ဒီ shweeainthulay1986@gmail.com ကို Sign In လုပ်တဲ့အခါ password ရိုက်စရာမလိုတော့ပါဘူးဗျာ Facebook လို Sing In (Log In) လုပ်ပြီးဝင်ရတဲ့ web site တွေကိုလည်း ဒီလို Save Site နှိပ်ပြီးဝင်ထားလို့ရှိရင် နောက်တစ်ခါ ဒီ website တွေကို ၀င်လို့ရှိရင် password ကိုထပ်ရိုက်စရာမလိုပဲ Lastpass ကနေ အလိုအလျောက်ဖြည့်ပေးသွားမှာ ဖြစ်ပါတယ် ။
အထူးသတိပြုရမှာကတော့  Lastpass ကို အသုံးပြုမယ်ဆိုရင် Mozilla , Internet Explorer စတဲ့ Search Engine တွေကို ဖွင့်ပြီးတဲ့နောက် Lastpass ကို Log In လုပ်ဖို့လိုအပ်သလို မသုံးတော့ဘူးဆိုရင်လည်း Lastpass သင်္ကေတဖြစ်တဲ့ ကြယ်ပုံလေးကို နှိပ်ပြီးတော့ Log Off  လုပ်ဖို့လိုအပ်ပါတယ်ဗျာ.

LastPass v3.1.50   32 bit | 10 MB

LastPass v3.1.50   64 bit | 14 MB



No comments:

Post a Comment